Nyi Minn Thwin
နှစ်ဖက်သောမိဘများနှင့်သက်ဆိုင်ရာလူနှစ်ဦးသာရှိနေသောဧည့်ခန်းထဲတွင် စကားသံများတိတ်ဆိတ်နေသည်။ လက်ကကျောက်ပတ်တီးကိုလှမ်းကြည့်ပြီးစိုးရိမ်မျက်ဝန်းနှင့်ဖြစ်နေသောဟန်နီ့ကိုစူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး အသံတိတ်ကျိန်ဆဲနေမိ၏။
ဒီရက်ပိုင်းအတွင်းလက်လှမ်းမီသလောက်စုံစမ်းခဲ့ပေမဲ့ လွတ်မြောက်ရာလမ်းကအစအနလေးတောင်မတွေ့ခဲ့ရပါ။ ခန့်သူရနိုင်ကိုဆက်သွယ်မရနိုင်ခဲ့သလို ဟန်နီနဲ့လည်းတွေခွင့်မရခဲ့တဲ့အဖြစ်။ တင်းမာနေသောအခြေအနေကြားတွင် ကိုကို့ကိုသွားတွေ့ခဲ့သော်လည်း ထင်ထားသည့်အတိုင်းမရေမရာစကားများနှင့်ချောင်ပိတ်မိခဲ့သည်။
စစ်နဲ့များလားဆိုသောအတွေးကြောင့် စိတ်ကိုဒုံးဒုံးချပြီးဒယ်ဒီခေါ်ဆောင်ရာကိုလိုက်ခဲ့ရပေမဲ့ နောက်ဆုံးအချိန်ထိတော့မျှော်လင့်ချက်လေးကိုလွှတ်မချနိုင်သေး။
ဟန်နီနဲ့စကားသီးသန့်ပြောချင်ခဲ့ပေမဲ့ တည်တင်းမာကျောနေသောမျက်နှာထားနှင့်ဟန်နီ့ဖခင်၊ စိတ်ရှုတ်ထွေးနေသောမျက်နှာပေးနှင့်ငြိမ်ငြိမ်သက်သက်ထိုင်နေသောဟန်နီ့မိခင်တို့ကိုအမြင် စိတ်တို့ကနောက်ကျိသွား၏။
စားပွဲပေါ်တွင်တည်ခင်းဧည့်ခံထားသောအစားအသောက်များကို တစ်ယောက်မှတို့ထိခြင်းမရှိခဲ့ကြသလို အိမ်ရှင်အနေနှင့်စကားတွေရွှန်းရွှန်းမဝေနိုင်ကြသောအခြေအနေတွင် ဒေါသစိတ်ကိုချုပ်ထိန်းလို့သာဟန်နီ့ကိုစိုက်ကြည့်နေမိသည်။
တောင်းပန်တိုးလျှိုးသောအကြည့်နှင့် မျက်ရည်ဝိုင်းနေသောမျက်ဝန်းကိုအမြင် သနားငဲ့ညှာလိုစိတ်နည်းနည်းလေးမှတောင်ပေါ်မလာခဲ့ပါချေ။
အဆုံးသတ်တစ်ခုလိုဖြစ်နေသောအချိန်မှာ ချစ်သောသူကိုသာတွေ့မြင်ချင်လိုသောနှလုံးက ပူဆွေးသောကရောက်နေရခြင်းဖြင့်ဆတ်ဆတ်ခါနာကျင်နေမိ၏။ စစ်သတင်းကလည်းအစအနတောင်မရခဲ့သေးပါ။
ထိုစဉ် တိတ်ဆိတ်ငြိမ်သက်နေခြင်းကို လှုပ်ခတ်သွားစေသောကားသံတစ်ခုကြောင့် အားလုံးရဲ့အကြည့်ကအိမ်တံခါးဝဆီသို့ရောက်သွားကြ၏။
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤