Part 32 (U)

7.4K 937 609
                                    

ကားပါကင်တွင်ရပ်လိုက်ပြီး ဆိုင်ပေါက်ဝကိုလှမ်းကြည့်လိုက်မိသည်။ ဆိုင်အတွင်းထွန်းထားသောမီးရောင်တွေကြောင့် အပြင်က​နေလှမ်းမြင်​နေရသောအသဲမကွဲလူရိပ်တွေကြား စစ်ဖြစ်နိုင်သူကိုခန့်မှန်းကြည့်နေသည့်မျက်လုံး​တွေကစူးစူးရဲရဲ။

ဆိုင်ပိတ်သည့်ထိထွက်မလာနိုင်သေးသောစစ်က ဘာတွေအလုပ်များနေသလဲတွေးနေမိရင်း ၁၀ မိနစ်ခန့်ကျော်လွန်လာချိန်ဖုန်းဆက်ခေါ်လိုက်မိ၏။

"ဟယ်လို"

"စစ် ကိုယ်ရောက်နေပြီ"

"အင်း လာပြီ ခုထွက်လာပြီ၊ ကိုစိုင်းကျွန်တော်သွားပြီနော်"

တစ်ဖက်ကိုလှည့်နှုတ်ဆက်လိုက်တဲ့စစ်အသံက နည်းနည်းတော့အလောတကြီးနိုင်နေသလိုလို။

ဆိုင်ပေါက်ဝကိုမမှိတ်မသုန်စိုက်ကြည့်နေစဉ် စစ်နောက်ကကပ်လိုက်လာသူကကိုစိုင်း။၊ စကားစမပြတ်ပုံနှင့်ကျောပိုးအိတ်ကိုဆွဲတား​နေ၏။

စစ်လှည့်ဖြေနေတာကိုကြည့်​နေမိရင်း တောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်မိသည်။ ခုထိပြောလို့မဆုံးနိုင်ဖြစ်နေတာ ဘာတွေများအရေးတကြီးကိစ္စတွေရှိနေကြလို့လဲ။ 

လက်ကဟွန်းပေါ်ရောက်သွားချိန်တိတ်ဆိတ်နေသောခြံဝန်းလေးထဲတွင်ဟိန်းထွက်သွားသည်။ ထိုအခါမှလက်ပြနှုတ်ဆက်ရင်းကားဆီကိုခြေလှမ်းမှန်မှန်နှင့်လှမ်းလာသူက မျက်နှာ​ပေးကခပ်တည်တည်ဖြစ်သွားတာကိုအတွေ့ စိတ်ထဲတင်းသွား၏။

ဘေးတွင်ဝင်ထိုင်လိုက်သူက ဘာစကားမှမဆိုဘဲခပ်တည်တည်မျက်နှာပေးနှင့် ရှေ့ကိုစိုက်ကြည့်နေတာကိုမသိမသာအကဲခတ်နေမိသည်။ နှုတ်ခမ်းကိုတင်းတင်းစေ့ကာမျက်ခုံး​တွေကိုကုတ်ချိုးထားပုံက မြင်နေကျနှင့်မတူထူးဆန်းနေ၏။

"ထွက်လာတာမြင်သားနဲ့ ဘာကိစ္စဟွန်းကိုအကျယ်ကြီးထတီးလိုက်ရတာလဲ၊ လန့်တောင်သွားတယ်"

"ဘာမဟုတ်တာလုပ်နေလို့လန့်ရတာလဲ"

စိတ်အခံလေးမကြည်သာတော့ နှုတ်ဖျားကထွက်သွား​သောစကားတွေကခနဲ့တဲ့တဲ့နိုင်နေမလား။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now