Part 22 (U)

7.9K 997 534
                                    

အိပ်ယာလည်းပြောင်းသလိုစိတ်လှုပ်ရှားနေခြင်းကြောင့် ညကတော်တော်နှင့်အိပ်မပျော်နိုင်ခဲ့။ နံရံဘက်မျက်နှာမူကာငြိမ်ငြိမ်လေးလှဲနေရင်း အပြင်ဘက်ကမိုးစက်သံလေးတွေကိုနားစွင့်လျှက်အတွေးတို့ကနယ်လွန်နေသည်။

ဒီနှစ်မှအဖော်ကောင်းလို့ရန်ကုန်သင်္ကြန်ကိုကြုံဖူးချင်ပါတယ်ပူစာလာသောညီမလေးကြောင့် လိုက်ပို့ပေးခဲ့ရသောရန်ကုန်အပြန်ခရီးလေးဟာ နောက်ဆံအနည်းငယ်တင်းသလိုခံစားခဲ့၏။ အကြတ်နေ့မနက်ပိုင်းတွင်ညီမလေးကိုမိုးတို့အိမ်သို့လိုက်ပို့ပေးပြီး မှော်ဘီကိုပြန်လာခဲ့သည်။ မှော်ဘီတွင်အလုပ်မယ်မယ်ရရမရှိပေမဲ့ အဖေနှင့်ဦးလေးကသင်္ကြန်ရက်အတွင်း ဒုလ္လာဘဝတ်ခဲ့ကြ၏။ လိုအပ်တာလေးတွေဖြည့်ဆည်းပေးရင်း ဘုန်းကြီးကျောင်းတွင်အနေများခဲ့သည်။

အကြတ်နေ့တွင်ပို့​ပေးခဲ့ပြီးသင်္ကြန်ပြီးမှသွား​ပြန်ခေါ်ရန်တွေးထားခဲ့ပေမဲ့ ညီမလေးကိုစိတ်မချဖြစ်နေသောဖေဖေနှင့် တဂျီဂျီလှမ်းခေါ်နေတတ်သောညီမင်းသွင်နှင့်ရန်ပိုင်တို့ကြောင့် အတက်နေ့တစ်ရက်တော့သွားလိုက်ပါဦးမည်ဆုံးဖြတ်ခဲ့မိပေမဲ့ သွားရမှာလည်းစိတ်ထဲမဝံ့မရဲဖြစ်နေ၏။

မှော်ဘီကနေပြန်သွားပြီးထဲက တစ်ရက်​ခြားကာအချိန်မှန်လာတတ်သောဖုန်းခေါ်သံလေး​ကြောင့် တစ်နေ့တစ်နေ့ရင်တွေလည်းမောလွန်းလှပါပြီ။ ရောက်တတ်ရာရာစကားတွေကိုမနားတမ်းပြောနေတတ်သူကတော့ဘယ်လိုခံစားရမည်မသိပေမဲ့ ကျွန်တော့်အတွက်တော့တွေးစရာတွေများနေခဲ့သည်။

အကြောင်းတစ်ခုခုကိုခံစားမိလျှင်သုံးသပ်မိတတ်သောကျွန်တော်က ဆန်းသစ်နေသောအတွေးတွေနှင့်ခံစားချက်တွေကိုပြန်လည်သုံးသပ်နေတတ်၏။ အချိန်တိုတိုအတွင်းမှာခင်မင်ရင်းနှီးခဲ့တဲ့ Dental ကောင်လေးတစ်ယောက်ရဲ့အပြောအဆိုတွေအပြုအမူတွေဟာ အတွေးတွေထဲစိုးမိုးနေတတ်လွန်းသည်။

သိပ်နှစ်သက်တဲ့စာအုပ်တစ်အုပ်ကိုဖတ်ပြီးချိန်တိုင်း ပြန်ပြန်တွေးမိနေတတ်သလိုမျိုး၊ သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားကိုကြည့်ပြီးချိန်တိုင်း အသေးစိတ်ပြန်​ပြန်တွေးနေမိတတ်သလိုမျိုး။ ဒီတစ်ယောက်နဲ့ပက်သက်လို့ အသေးစိတ်ပြောဆိုခဲ့တာတွေဟာ အလိုလိုစိတ်ထဲရောက်ရောက်လာခြင်းမျိုးကဘယ်လိုခံစားချက်များလဲ။ ခဏခဏပြန်ပြန်မြင်နေတတ်တာက ချစ်စရာကောင်းတဲ့အပြုံးလေးပေါ့။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now