December Present (U)

13.4K 669 440
                                    

December 2013

ဆေးရုံဝန်းထဲကနေထွက်လာခဲ့ပြီးဝန်ထမ်းအိမ်ရာဆီဦးတည်နေသောခြေလှမ်းတွေက အရင်နေ့တွေကထက်ပေါ့ပါးသွက်လက်နေ၏။

နေ့စဉ်ဖြတ်သန်းခဲ့ဖူးသောလမ်းကလေး၊ လမ်းတစ်ဖက်တစ်ချက်စီကဗန်ဒါပင်ပျိုလေးတို့က ဒီနေ့မှပဲပိုပြီးလှပစိမ်းလန်းနေသလိုလို။

ဒါသည်ကအချစ်ရှိနေသောနေ့ရက်လေးများဖြစ်နေလို့လား။

လှမ်းတွေ့လိုက်ရသောတိုက်တန်းလျားကလေးကိုအမြင် ခြေလှမ်းကိုအပြေးတစ်ပိုင်းခရီးနှင်မိ၏။ ဝန်ထမ်းအိမ်ရာဝန်းလေးထဲက ကျွန်တော့်အတွက်ပေးထားသောတိုက်ခန်းကလေးကအိုဟောင်းနေပေမဲ့ အိမ်ရှေ့ကိုထွက်ကာသစ်ပင်လေးတွေကိုရေလောင်းနေသော လူသားလေးရဲ့အပြုံးလေးကတော့လတ်ဆတ်သစ်လွင်နေ၏။

ကျွန်တော့်ကိုအမြင် လက်ထဲကရေပုံးကလေးကိုချလို့လှမ်းလာတဲ့ခြေလှမ်းတွေကလည်းခပ်သွက်သွက်။ လက်ထဲကိုင်လာတဲ့အိတ်လေးကိုလှမ်းယူကာ ပြုံးပြလာတဲ့နှုတ်ခမ်းတွေထက်ကစံပယ်ဖူးလေးတွေကိုအမြင် တစ်နေလုံးပင်ပန်းနွမ်းနယ်ခဲ့ရသောစိတ်ကငြိမ်းအေးရပါတော့သည်။

ညနေစောင်းအချိန်ပေမို့ အိမ်ယာဝန်းလေးအတွင်းတွင်လူရှင်း၍မနေပါ။ ကိုယ့်အိမ်ရှေ့ကမြေကွက်လပ်လေးတွင်ထွက်လို့ထိုင်ပြီး စကားစမြည်ပြောနေသောလူတွေလည်းရှိသလို ကလေးတွေကလည်းဟိုတစ်စုဒီတစ်စုပြေးလွှားဆော့ကစားနေကြ၏။

ကပ်လျှက်အခန်းအိမ်တံခါးဝကနေ ပြန်လာပြီလားလှမ်းမေးလာတဲ့အဖွားကိုနှုတ်ဆက်စကားပြန်ဆိုပြီးမှ နှစ်ဦးသားအိမ်လေးထဲကိုဝင်ခဲ့ကြသည်။

လှည်းတန်းတိုက်ခန်းထက်တောင်အနည်းငယ်ကျဉ်းတဲ့ အခန်ကလေးရဲ့ဧည့်ခန်းပေါက်စလေးထဲတွင်အတူတူယဉ်တွဲဝင်ထိုင်လိုက်စဉ် လက်ထဲရောက်ရှိလာသည်ကအေးမြနေတဲ့သံပုရာရည်တစ်ခွက်။

ညီရောက်နေပြီလို့သိလိုက်စဉ် တုန်ရင်လှုပ်ရှားနေခဲ့ရသောစိတ်နှင့်ဆေးရုံတွင်နေခဲ့ရတဲ့အချိန်နာရီတို့ဟာ အရင်နေ့တွေကထက်နေ့တာရှည်လွန်းခဲ့သလိုပဲ။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now