Part 74 (U)

7.4K 672 415
                                    

Nyi Minn Thwin

ဆိုင်ကယ်ကိုခရေပင်ရိပ်အောက်ထိုးရပ်လိုက်စဉ် ဆိုင်ထဲတွင်ထိုင်နေသောအမိုးကပြတင်းတံခါးပေါက်ကနေခေါင်းပြူလာပြီးခြေဆုံးခေါင်းဆုံးကြည့်နေသည်။

Helmet ကိုဆွဲချွတ်လိုက်စဉ် မညှပ်တာကြာနေပြီဖြစ်သောဆံပင်များကဖွာကရာကျဲကျလာ၏။

"အဲဒီ့အမွှေးတွေကိုခုထိညှပ်မလာသေးဘူးလား"

"မညှပ်ချင်လို့လေဗျာ"

"ရုပ်ကိုက မြင်လိုက်တာနဲ့စိတ်ချမ်းသာစရာကိုမရှိဘူး။ ငါ့နားလာနေပြီးငါ့ကိုစိတ်မချမ်းသာအောင်လုပ်နေလိုက်"

"အမိုးကလည်းဗျာ သားဘာလုပ်နေလို့လဲ"

"ဘာလုပ်နေတာလဲမသိဘူးလား။ ကိုယ့်ပုံကိုမှန်ထဲပြန်ကြည့်လိုက်ပါ​လား"

"မိုက်တယ်လေဗျာ"

ရန်ကုန်ကနေထွက်လာကတည်းကအခု ၃ လအချိန်ထိတစ်ခါမှမညှပ်ခဲ့သောဆံပင်များကကုတ်ထောက်လုနီးပါးဖြစ်နေ၏။ လှချင်ပချင်စိတ်လည်းမရှိတော့သလို ကိုယ့်ပုံစံကိုလည်းအရေးမစိုက်ချင်တော့ပါ။ အဝတ်အစားကိုတောင်အရင်လိုဂရုတစိုက်မဝတ်တတ်တော့ဘဲ တွေ့ရာတွေဆွဲဝတ်နေခြင်းကြောင့် လူလည်းဘာပုံပေါက်နေမှန်းတောင်မသိတော့ပါ။

ရှည်လာသောရှေ့ဆံပင်တွေနှင့်ဘေးဆံပင်တွေကို မှီသလောက်စုပြီးတစ်ဝက်စည်းနှောင်ထားခြင်းကိုအမိုးမှာ မျက်စိစပါးမွှေးစူးနေပုံနှင့်ပွစိပွစိပြောမဆုံးနိုင်တော့။

ရွာရောက်ထဲက ကားကိုဂျောင်ထိုးထားလိုက်ပြီး DT ဆိုင်ကယ်တစ်စီးကိုဝယ်ယူခဲ့ပြီးတစ်နေ့တစ်နေ့ဖျာပုံနှင့်ရွာကိုကူးသန်းနေခဲ့ရလို့ လူလည်းငထားတို့ခေါ်တဲ့ငချိပ်လုံးလုံးဖြစ်နေသလားထင်မှတ်ရ။

အမိုးကိုယ်တိုင်နားရွက်ဆွဲပြီးရိတ်ခိုင်းမှရိပ်တတ်တဲ့ မုတ်ဆိတ်မွှေးနှင့်ပါးသိုင်းမွှေးများကြောင့်လည်းလူလည်းစုတ်တီးစုတ်ပဲဖြစ်နေမလား။

အခုလည်းမရိပ်တာတစ်ပတ်ခန့်ရှိ​နေသောအမွှေးအမျှင်တွေကို လက်နှင့်စမ်းကြည့်လိုက်ပြီးအမိုးကိုမိုက်တယ်ပြောလို့အဟဲလို့ရယ်ပြလိုက်မိတော့...။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now