Extra (Z)

3.9K 123 55
                                    

ခါးလည်လောက်ရှိသောနှင်းဆီပင်ပျိုတိုင်းလိုလိုတွင်အဖူးကလေးတွေကိုယ်စီနှင့်တစ်ချို့ကငုံတစ်ချို့တစ်ချို့ကပွင့်တစ်ချီ။

အခက်စိမ်းမှောင်မှောင်​ဖြာ​ဖြာ​ဝေ​ဝေကြားထဲတွင်ဖွေးဖွေးဆွတ်နေသောအပွင့်အဖူးကလေး​တွေနှင့်အတူလူသားနှင်းဆီဖြူကလေးကတော့ ပွင့်ဖတ်ကလေးတွေကိုလက်ဖျား​လေးနှင့်အသာအယာဖွဖွလိုက်တို့ထိကြည့်နေရင်း ရဲရဲနီ​မြန်း​နေ​သောနှုတ်ခမ်းကလေးတွေကလည်းပြုံးရယ်ရိပ်တို့နှင့်လဲ့လဲ့ပြေးနေ၏။

နံနက်ခင်းနေ​ခြည်ဖြာ​နွေး​နွေးကကမ္ဘာမြေပြင်ပေါ်သဲ့သဲ့ဆင်းသက်လို့နှစ်ယောက်ထဲကမ္ဘာဖြစ်နေသူနှစ်ဦးကိုနွေးထွေးခြင်းတို့နှင့်ပံ့ပိုးပေးနေပြန်ရဲ့။

အဖြူရောင် Polo Sport Shirt အဖြူဆွတ်ဆွတ်​ပေါ်တွင်အပြာနုရောင်အစင်းသေးသေးကလေးတွေကမထင်မရှား။ ခဲဖျော့ရောင် Style Pant ကလေးနှင့်နုနုထွေးနေသည့်စစ်ကနှင်းဆီခင်းထဲတွင်လမ်းသလားရင်း လှပသောနံနက်ခင်းမြင်ကွင်းကိုထပ်ဆောင်းဖြည့်စွက်ထားသည့်အလား။

"စစ်...ဒီဘက်ကိုလှည့်ကြည့်..."

အသံပြုလိုက်မိချိန်ဖျတ်ခနဲလှည့်ကြည့်လာသည့်အခိုက် လက်ထဲက Canon Camera လေးနှင်အမိအရမှတ်တမ်းတင်လိုက်မိတော့ လှစ်ကနဲပေါ်လာသောပါးခွက်​ပေါက်စကလေးတွေကိုအမြင်တွင်လက်ဖျားကအဆက်မပြတ်တစ်ချက်ချက်ဆက်တိုက်ဖြစ်တည်၏။

ဥယျာဉ်မှူးဆီကပန်းညှပ်ကတ်ကျေးတစ်လက်ကိုတောင်းယူလိုက်ပြီးမှ ပွင့်နေသောနှင်းဆီဖြူတွေကိုလိုက်ဖြတ်ခိုင်းလိုက်မိတော့ နှမျောပါတယ်ဆိုလာသူကြောင့်ဘုရားပန်းကပ်ရအောင်ခူးလိုက်ပါဆိုလိုက်မှအပင်တွေကြား​မွေ့​လျော်လို့သွားပြန်၏။

ဆူးမဲ့နှင်းဆီနှင့်ဆူးကျဲသောနိုင်ငံခြားမျိုးတွေကိုသာစိုက်ပျိုးထားခြင်းကြောင့် နှင်းဆီဆူးဆူးမှာကိုတော့ပူရန်မလိုပါ။ တစ်ခင်းလုံးဖွေးဖွေးဆွတ်အောင်ပွင့်မနေသေးသော်ငြား တော်တော်များများကလည်းဖူးပွင့်နေပြီဖြစ်ခြင်းကြောင့်သိပ်မကြာခင်မှာဘဲ စစ်လက်ထဲတွင်နှင်းဆီဖြူတွေကတစ်ပွေ့ကြီးရောက်လို့လာ၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now