"ဟယ်လို ကိုလင်း ပြော"
နောက်ဆုံးဘာသာကိုလျောလျောရှူရှူဖြေပြီးသည့်နောက် ကျေကျေနပ်နေသောစိတ်ကလေးနှင့် စစ်တို့ကျောင်းရှိရာဆီထွက်လာသည့်လမ်းတွင် ကိုလင်းဆီကဖုန်းဝင်လာ၏။
"မင်းသွင်၊ အစ်ကိုပြောစရာရှိလို့ပါ"
"ပြောလေကိုလင်း"
"ဝပ်ရှော့ကကားရပြီဆိုလို့အစ်ကိုဒီနေ့သွားယူတာ၊ အဲ့တာအပြန်နိုင်မင်းနဲ့တွေ့တယ်"
(Note မင်းသွင်အစ်ကိုနာမည်က နိုင်မင်းလွင်ပါနော်။ မမှတ်မိမှာစိုးလို့ပြန်မိတ်ဆက်ပေးတာ)
"အင်း ကိုကိုနဲ့တွေ့လာတာလား၊ အဲ့တော့..."
"ကားကိုစမ်းမောင်းကြည့်ချင်တယ်ပြောလို့အစ်ကိုကပေးမောင်းလိုက်မိတာကိုကွာ အဲ့တာအစ်ကိုကို့အိမ်ပြန်လိုက်ပို့ပြီးကားကိုဇွတ်ယူသွားတယ်။ ညီလေးကားလို့အစ်ကိုပြောလိုက်ပါတယ်၊ အဲ့တာဘယ်လိုမှပြောလို့မရဘူး အေးဆေးပါဆိုပြီးမောင်းချသွားတယ်"
"ဗျာ ဟာကွာ၊ ဘယ်ကိုယူမောင်းသွားတာလဲကိုလင်း"
"အဲ့တာတော့အစ်ကို့ကိုပြောမသွားဘူးညီလေး၊ အစ်ကိုတောင်းပန်ပါတယ်။ တကယ်ရိုးရိုးသားသားမောင်းကြည့်ချင်တယ်ထင်လိုက်လို့ကားသော့ကိုပေးလိုက်မိတာပါ"
"ရတယ်ကိုလင်း၊ အဲ့တာကိုလင်းအပြစ်မဟုတ်ပါဘူးဗျာ။ ကိုကိုကသာစည်းကျော်လာတာမျိုးပါ"
"ညီလေး၊ အစ်ကိုစိုးရိမ်တာလေ၊ ကားထဲမှာ Owner book ပါသွားတယ်၊ စာရွက်စာတမ်းတွေကတော့အစ်ကို့ဆီမှာပါ"
"အာ...အဲ့လိုလား။ ဟုတ်ပြီကိုလင်း ကျွန်တော်သူ့ဆီဖုန်းဆက်မေးလိုက်မယ်၊ ကိုလင်းနောက်ဆိုသတိထားမှတော့ဖြစ်မယ်နော်။ တစ်ခုခုဆိုကိုလင်းခေါင်းပါပဲ"
ပြောသင့်တဲ့စကားကိုတော့အားနာနာနှင့်ပင်ကြိုပြောထားလိုက်ရ၏။
"အေးပါကွာ၊ အစ်ကိုနောက်ဆိုသတိထားရတော့မှာပေါ့၊ အစ်ကိုလည်းဖုန်းဆက်နေတာပါပဲ။ မကိုင်လို့ညီလေးဆီအကြောင်းကြားလိုက်ရတာပါကွာ"
"ဟုတ်ပါပြီ၊ ကိုလင်းရေ..ကိုကိုအနေအထားကိုလည်းကိုလင်းအသိဆုံးပဲမဟုတ်လား။ သူနဲ့ကိုလင်းအလုပ်သဘောအရတော့ခပ်ကင်းကင်းနေမှဖြစ်လိမ့်မယ်။ ဒါကတော့ကျွန်တော်မပြောချင်ဘဲပြောလိုက်ရတဲ့စကားပါ"
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤