Part 33 (U)

7.8K 868 363
                                    

ဟန်နီသာထွန်း

တိုက်ရှေ့ထွက်ကြိုနေသောအန်တီချယ်ရီ့ကိုအမြင် အထုပ်တစ်ချို့ကိုကိုင်ဆွဲပြီးကားအောက်ဆင်းလိုက်ချိန် ကားနောက်ခန်းထဲကများလှစွာသောအထုပ်အပိုး​တွေကို Driver ကသယ်ပိုးကာအနောက်ကလိုက်လာ၏။

"ဟန်နီလေးကတကူးတကလာတာကိုး၊ အန်တီချယ်ရီလာခဲ့မှာပေါ့"

ပုခုံးကိုဖက်ကာအိမ်ထဲခေါ်လာသူနောက်လိုက်လာရင်း တစ်စုံတစ်ဦးကိုရှာဖွေကြည့်လိုက်ပေမဲ့ အရိပ်လေးတောင်မတွေ့ရ။

"လက်ဆောင်တွေလာပေးရင်း ကိုကိုနဲ့လည်းတွေ့ချင်လို့ပါအန်တီ"

ပြန်လာစဉ်က လေဆိပ်ထိလာကြိုသောအန်တီချယ်ရီ့ကို ဒယ်ဒီလည်းပါနေတော့သိလို​သောအကြောင်းအရာ​တွေကိုမမေးရဲခဲ့ပါ။ မာမီ့ထက်ချစ်ကြောက်ရိုသေရသောဒယ်ဒီ့ရှေ့တွင် ဒယ်ဒီ့အလိုကျနေခဲ့ရ​ခြင်းကခေါက်ရိုးကျိုးနေခဲ့ပြီ။

"ရောက်တာနဲ့သူ့ကိုကိုကိုမေးတော့တာပါလားဟန်နီရယ်၊ ဟန်နီ့ကိုကိုကအိမ်မှာမရှိဘူး၊ ခရီးသွားနေတယ်"

"ဘယ်ကိုသွားတာလဲဟင်၊ ဟန်နီဖုန်းဆက်တာလည်းမရဘူး"

"သူ့အမိုးရွာကိုတဲ့။ ဖုန်းလိုင်းမမိတာထင်တယ်၊ ဟော့သား...ညီမလေးကိုလာနှုတ်ဆက်ပါအုံး"

"ကိုကိုနိုင်"

"ဟာ...ဟန်နီပေါက်စလေး၊ အပျိုကြီးဖားဖားတောင်ဖြစ်လာပြီလား၊ လှလာလိုက်တာဗျာ"

ရှိုးအပြည့်နှင့်ပြေးဆင်းလာ​သောကိုကိုနိုင်က ဟန်နီ့ကိုအတွေ့ဆိုဖာတွင်ဝင်ထိုင်လိုက်ရင်း ခြေဆုံးခေါင်းဆုံးကြည့်​ပြီးနှုတ်ဆက်၏။

"ကျေးဇူးပါကိုကိုနိုင်၊ ဒီမှာကိုကိုနိုင့်အတွက်လက်ဆောင်တွေပါလာပါတယ်နော်"

"ငါ့ညီမလေးကအတော်ဆုံးပဲ"

ဘေးနားလာထိုင်​သောကိုကိုနိုင့်ကိုငဲ့ကြည့်လိုက်​ရင်းငယ်စဉ်က ဟန်နီတို့အိမ်ကိုလာလည်စဉ်အတူ​တူဆော့ကစားခင်မင်ခဲ့ရ​သောအချိန်တွေကိုသတိရလိုက်မိသည်။ တစ်ဦးတည်းသောသမီးဟန်နီအတွက်အိမ်ချင်းကပ်နေသောခန့်ထက် ကိုကိုနိုင်ကကစားဖော်တစ်ဦးဖြစ်ခဲ့၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now