Part 63 (U)

5.1K 568 247
                                    

Shin Minn Kha

လပြည့်လကွယ်ဥပုတ်နေ့ဖြစ်သောကြောင့်ဈေးပိတ်သောနေ့ဖြစ်သည်။ နေ့လယ်စာကိုဖေဖေနှင့်အတူစားသောက်ပြီးချိန် ကိုယ့်အိမ်ရှိရာပြန်ကူးလာပြီးရှင်မင်းခကအဝတ်တွေကိုမီးပူထိုးနေစဉ် ခင်ပွန်းဖြစ်သူကိုဇော်မြင့်ဦးမှာ ခပ်လှမ်းလှမ်းတွင်စာထိုင်ဖတ်နေ၏။

အသက် ၁၀နှစ်ကွာသောခင်ပွန်းဖြစ်သူမှာ အနေလည်းအေးသလိုစာဖတ်လည်းဝါသနာပါသူဖြစ်၍ အချိန်အားလျှင်စာဖတ်နေတတ်သည်။

မီးပူထိုးနေရင်းရှင်မင်းခအတွေးများက ရန်ကုန်တွင်ရှိနေသောအစ်ကိုဖြစ်သူထံရောက်သွား၏။ လွန်ခဲ့သော ၂ ရက်က ကိုကိုဘွဲ့ယူခဲ့သည်။ ရှင်မင်းခတို့လင်မယားနှင့်ဖေဖေ ရန်ကုန်ကိုသွားပြီးဘွဲ့ယူသည့်အခမ်းအနားကိုတက်ရောက်ခဲ့ခြင်းတွင် ဖေဖေမျက်နှာမကြည်သာခဲ့သလို ကိုကို့မျက်နှာမှာလည်းမရွှင်လန်းနိုင်ခဲ့။

ကိုညီက အန်ကယ့်ကိုအိန္ဒိယတွင်ဆေးသွားကုခြင်းအတွက်လိုက်ပါသွားခဲ့ရတော့ ကိုကိုဘွဲ့ယူတဲ့အချိန်တွင်မရှိခဲ့ပါ။ စိတ်မရွှင်လန်းစွာနှင့် ပွဲပြီးပြီးချင်းမှော်ဘီကိုပြန်လာခဲ့ချိန်တွင် ကိုကိုကပြန်လိုက်မလာခဲ့ပါချေ။

ဖေဖေခေါ်သော်လည်း အကြောင်းအမျိုးမျိုးပြပြီးချန်နေဖြစ်အောင်ချန်နေခဲ့ခြင်းမှာ ကိုညီ့ကိုကတိပေးထားခြင်းကြောင့်ဖြစ်နိုင်သည်။

စိတ်ပျက်စရာနေ့ရက်တွေက ဘယ်တော့များမှပြီးဆုံးနိုင်မလဲအတွေးနှင့် နေရထိုင်ရတာလည်းမသက်သာ။ တကယ်ဆို လူကြီးတွေကိုအပြစ်မဆိုချင်သလို ကိုကိုတို့နှစ်ယောက်ကိုလည်းအပြစ်လို့လည်းမမြင်မိခဲ့ပါလေ။

ကိုကို့ရဲ့စိတ်ရင်းအမှန်ကိုသိခဲ့ပြီးသားဖြစ်တဲ့ငယ်လေးအတွက် ဒီဖြစ်ရပ်ဟာထူးပြီးစိတ်ညစ်စရာလို့မမြင်ခဲ့နိုင်တာလည်းအမှန်။ တစ်ဖက်လူကကိုညီဖြစ်နေတော့ ပိုလို့တောင်အပြစ်မပြော
ရက်နိုင်ပါ။

ငယ်လေးတို့မိသားစု ခုလိုပြေပြေလည်လည်နေထိုင်နိုင်တဲ့အခြေအနေဟာ ကိုညီကြောင့်သာဖြစ်ခဲ့ရခြင်းမျိုး။ ဖေဖေရဲ့ပင်စင်လစာ၊ ၆ လမှတစ်ကြိမ်ငွေပေါ်တတ်သောမာလကာခြံလေးနှင့် ငယ်လေးရဲ့အထည်ဆိုင်လေး​ဖြင့်သာရပ်တည်ခဲ့ရသောမိသားစုဟာ ငါးခြောက်ကိုယ်စားလှယ်ယူပြီးတဲ့နောက်ပိုင်းမှ သိသိသာသာတိုးတက်ပြောင်းလဲခဲ့တာကိုလည်းအားလုံးအသိ။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now