အမိုးအတွက်ဝယ်ပေးထားသော CDMA ဖုန်းကြောင့် စစ်နှင့်နေ့တိုင်းဖုန်းပြောဖြစ်၏။ သူငယ်ချင်းတွေရောမမိုးတို့ပါပါလာသောကြောင့် အိမ်ရှင်အနေနှင့်လိုလေသေးမရှိအောင်ဂရုစိုက်ပေးနေရင်း စစ်သူငယ်ချင်းနှစ်ယောက်၏မသိမသာရော သိသိသာသာပါအကဲခတ်နေခြင်းကိုလည်းခံနေရသည်။
ရန်ကုန်ပြန်လျှင်သယ်သွားရန်အတွက် ငါးခြောက်အစုံနှင့်ပုဇွန်ခြောက်တွေကိုလည်းကိုအောင်သောင်းသူငယ်ချင်းဒိုင်မှ ကြိုတင်မှာထားရသေး၏။ အမိုးအမျိုးတွေကလည်းဂရုတစိုက်ရှိကြလွန်းတော့ ထားတို့အဖွဲ့မှာရွာလေးကိုလိုက်လာခဲ့ကြပေမဲ့ပျော်ရွှင်လို့နေသည်။ အမိုးကိုလည်းပါလာသမျှလက်ဆောင်များနှင့် ဝိုင်းဖွဲ့ကန်တော့ခဲ့တော့အမိုးမှာဝမ်းသာမျက်ရည်ကျရပြန်၏။
အမိုးကဖုန်းပြောဖူးခဲ့သည့်စစ်ကိုတဖွဖွမေးနေပြန်တော့ အကျိုးအကြောင်းကိုပြောပြရပြန်သည်။ မြင်ဖူးချင်မှန်းသိနေလို့ စစ်ယူလာမိတဲ့ဓာတ်ပုံလေးကိုထုတ်ပြမိတော့ ချီးကျူးလို့မဆုံးနိုင်တော့ပါ။ Penthouse ပေါ်တွင်စစ်ကိုအလှဓာတ်ပုံတွေရိုက်ပေးခဲ့ခြင်းကြောင့် စစ်ဓာတ်ပုံတွေကကျွန်တော့်ထံတွင်အများအပြားရှိနေ၍ တစ်ပုံကိုအမိုးအတွက်အပိုင်ပေးခဲ့လိုက်ရသည်။
"မင်းသွင်"
"လာ၊ မင်းတို့ကထားတို့နဲ့လိုက်မသွားဘူးလား"
"ကိုရန်ပိုင်လိုက်သွားတယ်။ ဟိုတစ်နေ့ကသွားကြည့်ထားတော့လိုက်မနေတော့ဘူး"
ကွပ်ပျစ်တွင်ထိုင်ရင်းစစ်အကြောင်းတွေးနေစဉ် မြတ်သူနှင့်သီဟရောက်လာ၏။ မနက်ဖြန်ပြန်ကြတော့မှာဖြစ်သောကြောင့် ကိုအောင်သောင်းအလုပ်လုပ်သောနေရာကိုလိုက်ပြီးစပ်စုကြခြင်းပါ။ရွာကိုကား ၂ စီးနှင့်လာခဲ့ကြပြီး ချောင်ချောင်ချိချိဖြစ်နေတော့အပြန်တွင်ငယ်လေးအတွက်ငါးခြောက်တွေသယ်သွားရပါဦးမယ်။
"ငါထားတို့အလစ်ကိုစောင့်နေတာ၊ မင်းကိုမေးစရာရှိလို့"
"ဘာမေးမလို့လဲ"
"အစ်ကိုစစ်မင်းနဲ့အခြေအနေက ဘယ်လိုလဲ၊ တိုးတက်ရဲ့လားမေးမလို့ပါကွာ၊ ဟိုကိစ္စဖြစ်ပြီးတော့ဘာထူးခြားသေးလဲ"
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤