Part 67 (U)

4.9K 530 200
                                    

Honey Tha Htun

ဟန်နီ့အဖွားနေမကောင်းဖြစ်နေသောသတင်းကြောင့် မာမီနှင့်အတူကလောကိုအားချင်းတက်သွားခဲ့ရသည်။ အသက် ၇၀ ကျော်ပေမဲ့တော်ရုံနေထိုင်မကောင်းမဖြစ်တတ်တဲ့အဖွား ဆေးရုံတင်ထားရတယ်ဆိုတာသိရတော့ သားအမိနှစ်ယောက်ကလောတွင် ၅ ရက်ကြာနေထိုင်ခဲ့ပြီးသက်သာသွားမှရန်ကုန်ကိုပြန်လာခဲ့ကြ၏။

မြေးဖြစ်သူကိုအမွေအားလုံးလွှဲပေးထားသောဖွားအေကြီးက သူမသေခင်ဟန်နီ့ကိုအိမ်ထောင်ရက် သားကျသွားစေချင်တယ်ပြောလာပြန်တော့ မာမီကကိုကိုနှင့်ကိစ္စကိုတောင်ပြောပြခဲ့သေးသည်။

မာမီကဟန်နီ့ကိစ္စတွေကို တော်ရုံစွက်ဖက်တတ်သူမဟုတ်ပါ။ ယခုကိစ္စတွင် အန်တီချယ်ရီရဲ့စကားတွေကိုနားဝင်ပုံနှ င့်သူကပါသဘောတူချင်သလိုလိုဖြစ်နေခြင်းကြောင့် ဟန်နီ့မှာမယုတ်မလွန်ပြောထားရ၏။

ကိုကိုနိုင်ကလည်းအန်ကယ့်ကျန်းမာ​​ရေးကြောင့် ဟန်နီ့နဲ့အဆက်အသွယ်သိပ်မရှိခဲ့ပါ။ လုပ်ချင်ရာဇွတ်လုပ်ခဲ့သူကို စိတ်ဆိုးဆိုးနဲ့မခေါ်မပြောဖြစ်ခဲ့တာထိုကိစ္စဖြစ်ပြီးထဲက။ သူတို့ဘက်ကငြိမ်နေတော့ ဟန်နီလည်းအသာလေးသာငြိမ်နေလိုက်သည်။

တစ်နေ့ကမှဒယ်ဒီခိုင်းသောကိစ္စနှင့်နေပြည်တော်ကတောင်ပေါ်အပန်းဖြေဟိုတယ်ဆောက်သည့်နေရာကိုတစ်ညအိပ်သွားခဲ့ပြီးမှ ရန်ကုန်ပြန်လာခဲ့၏။ ဆေးရုံကိုဟန်နီအတွက်ရည်ရွယ်ပြီးဆောက်လုပ်ပေးခဲ့သော်လည်း ဒယ်ဒီ့ရဲ့ပင်မစီးပွားရေးဖြစ်သောဟိုတယ်လုပ်ငန်းတွေကိုလည်း လေ့လာသင်ယူခိုင်းနေပြန်တော့ ဟန်နီ့မှာဒီရက်ပိုင်းအတွင်းအားတဲ့အချိန်ဆိုတာလည်းမရှိခဲ့ပါ။

"Good Morning ဟန်နီလေး"

မနေ့ညကမှပြန်ရောက်တော့ ခရီးပန်းပန်းနှင့်တစ်ချိုးထဲအိပ်ပျော်သွားတာ မနက် ၈ နာရီမှနိုးလာ၏။ တစ်နေ့တာအတွက်ဘာတွေလုပ်စရာရှိနေလဲဆိုတာ PA အစ်မပို့ထားသောအချိန်စာရင်းကိုအိပ်ယာပေါ်တွင်လဲလျောင်းရင်းကြည့်နေစဉ်မာမီကအခန်းထဲဝင်လာပြီးနှုတ်ဆက်၏။

"အိပ်ရေးဝလို့ထင်ပါရဲ့။ မျက်နှာလေးကိုပြည့်လို့"

"Morning မာမီ၊ ဒီရက်ပိုင်းအလုပ်များနေတာနဲ့ အိပ်ရေးလည်းပျက်တယ်။ မနေ့ကနေပြည်တော်မှာအိပ်တော့ အိပ်ယာပြောင်းလို့လားမသိပါဘူးတော်တော်နဲ့အိပ်မပျော်ဘူး။ အဖွားရောသက်သာတယ်မဟုတ်လားဟင်"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now