အိမ်ရှေ့ပေါ်တီကိုအောက်ကားကိုရပ်လိုက်စဉ် ဝတ္တရားမပျက်မကွက်အပြေးလာကြိုနေသော
Ten Ten ကိုအတွေ့ ကောက်ချီကာနမ်းရှိုက်လိုက်မိ၏။အိမ်ထဲသို့ဝင်ရန်ခြေလှမ်းပြင်လိုက်ချိန် ကိုယ်ပေါ်ကအတင်းပြန်လျောဆင်းကာ အိမ်ခေါင်းရင်းဘက်ဆီကိုပြေးသွားပြီး တစ်ချက်ထိုးဟောင်ပြနေသောကြောင့်...။
"တန်းတန်းကဆော့ချင်နေတာလား၊ မမကရေချိုးရဦးမယ်လေ။ ဒီနေ့တော့ဆော့မပေးနိုင်တော့ဘူးနော်"
လူစကားကိုနားလည်သည့်အလား ဝုတ်သံတစ်ချက်ပေးပြီးပြန်တော့လှည့်မလာ။ တစ်ဖက်ကိုခေါင်းလှည့်ပြရင်း အမြီးကိုလှုပ်ခါပြနေတော့ တန်းတန်းဆီသာသွားရပါတော့သည်။
အနားနီးလာမှ စက္ကူပန်းရုံအောက်ကဒန်းပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ကာစီးကရက်သောက်နေသောမင်းသွင်ကိုတွေ့လိုက်၏။
အနားကပ်လိုက်ချိန် ဆေးလိပ်နံ့တို့ကမွှန်ထူနေသလို မြက်ခင်းပြင်ပေါ်တွင်လည်း စီးကရက်ဖင်ဆီခံတွေက ပွစာကျဲနေ၏။
"အမလေးတော်၊ သူများခြံထဲလာပြီး ဖြစ်ချင်တိုင်းဖြစ်နေပါလား။ နင့်ယောက္ခမအိမ်များမှတ်နေလား ဟမ်"
ပါးစပ်ကလည်းပြောရင်း လက်ကလည်းစီးကရက်တိုတွေကိုလိုက်စုကောက်လိုက်ရင်း...။
"ရောက်နေရင်လည်း ငါ့ကလေးလေးနဲ့ဆော့ပေးနေမယ်မရှိဘူး။ ကလေးကပျင်းလို့ သူ့နားမှာကစားချင်နေရှာတာ၊ ငါလာတာမြင်မှလာကြိုပြီးနင်ရောက်နေတယ်ဆီးပြောတယ်။ ကလေးလောက်တောင်အလိုက်မသိဘူး"
ပွစိပွစိပြောနေသော်လည်း စကားကပြန်မလာ။ ဘေးတွင်ဝင်ထိုင်လိုက်ရင်း အကဲခတ်လိုက်မိတော့ ရွဲပြဲနေတဲ့အသွင်အပြင်ကိုမြင်လိုက်မှ...။
"ဟဲ့.. ဘာဖြစ်နေပြန်တာလဲ၊ နင့်ကြည့်ရတာစိတ်ညစ်စရာမင်းသွင်ရယ်၊ ငါ့ဘာသာစာတွေနဲ့လုံးချာလည်လိုက်နေလို့ မတွေ့ရတဲ့အချိန်ဘယ်လိုတွေဖြစ်နေတာလဲ။ နင်ကျောင်းရောမှန်မှန်တက်ရဲ့လား။ အရင်နှစ်ကလို လစ်ပဲလစ်မနေနဲ့ဦးနော်။ ငါတို့လိုပဲစာတွေများလာပြီမဟုတ်လား။ သီရိတောင်ငြီးလိုက်တာတအားပဲ"
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤