Part 3 (U)

12.7K 1.2K 153
                                    

ခြံချင်းကပ်လျှက်ဖြစ်သောကြောင့် ပွဲလည်လောက်မှအိမ်ကထွက်လာခဲ့လိုက်သည်။ ညနေ ၆နာရီလောက်ကတည်းက သက်ဝင်လှုပ်ရှားနေသောမွေးနေ့ပွဲလေးဟာ ကျွန်တော်ရောက်ရှိချိန်တွင် ပို၍စည်ကားနေပါပြီ။

ခြံနှစ်ခြံကြားမလွယ်ပေါက်လေးကတစ်ဆင့် တိတ်တဆိတ်ဝင်ရောက်လာရင်း ခြေချင်းလိမ်ကာလှုပ်ခတ်နေသူတွေကြား မွေးနေ့ရှင်ကိုရှာရပြန်၏။

စတိတ်စင်ငယ်လေးတစ်ခုရှေ့ကစားပွဲဝိုင်းတစ်ခုတွင် သူငယ်ချင်းတစ်စုနှင့်ဝိုင်းဖွဲ့ကာထိုင်နေသည်ကိုလှမ်းမြင်လိုက်သောကြောင့် ဦးတည်လျှောက်လာခဲ့ရင်းမှ အပေါ်ကုတ်အကျီအိတ်ကပ်အတွင်းကဗူးလေးကို အသာနှိုက်စမ်းလိုက်မိ၏။ မေ့ပြီးပါမလာရင် နှုတ်သီးစာမိပါလိမ့်မည်။

ကျွန်တော်​လျှောက်လာနေတာမြင်လိုက်တဲ့မြတ်သူက လက်ကိုလှမ်းမြှောက်ပြလိုက်ချိန် အကြည့်တို့ကစုပြုံရောက်လာပါ​တော့၏။

"သားကြီး နောက်ကျတယ်ကွာ။ အိမ်ကအတော်ဝေးလို့ထင်ပါရဲ့ "

​မြတ်သူရဲ့ ခပ်ငေါ့ငေါ့ဆီးကြိုနှုတ်ဆက်သံအဆုံးမွေးနေ့ရှင်ဖြစ်သူထားက လက်သီးဆုတ်ကာပုခုံးကိုဆတ်ကနဲနေအောင်ဖွဖွလာထုလိုက်ရင်း...။

"အခုပဲဖုန်းဆက်ခေါ်တော့မလို့၊ မင်းသားကထွက်လာတော့လည်း ဒုံရင်းကဒုံရင်းပါလား"

လွတ်နေတဲ့ခုံတစ်လုံးမှာဝင်ထိုင်လိုက်ရင်း...။

"ငါကဒုံရင်းပဲပေါ့။ ဒါနင့်ပွဲလေထားရယ်၊ ငါရွှိုင်းလိုက်ရင် နင်ငုတ်သွားမှာပေါ့ အဟက်"

"ငချိတ်ကောင်၊ အရှက်မရှိပြောရဲချက်နော်။ ဒီမှာ ငါ့တစ်ဝက်လောက်အသားလေးဖြူအောင်
Skincare လေးလုပ်လိုက်ပါဦး"

ထားနဲ့ယှဥ်လျှင် သိသိသာသာအညိုဘက်သန်းသောအသားအရောင်ရှိသူဖြစ်သောကြောင့် ငချိတ်ကောင်ရယ်နှိမ်ခေါ်ခံရသူပါ။

"မလိုဘူးလေ၊ Tall and brownတဲ့။ ငါ့လို Manly ဖြစ်တဲ့ဘဲရမှ နင်ကြွားပါဟာ"

"ကန်တော့ဆွမ်းပါ ငချိတ်ကောင်ရေ။ တို့ကတော့ကျီးကန်းနဲ့ဘဲဥအတွဲရယ်တော့ အခေါ်မခံချင်ပါဘူး။ စကားရောဖောရောနဲ့နော်၊ ဘယ်မလဲ ပေး လက်ဆောင်၊ ပါတယ်မဟုတ်လား"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now