"ကိုကို"
လက်မောင်းကိုဆွဲပြီးခေါ်လိုက်သောဟန်နီ့အသံကြားမှ အံ့ဩမှင်သက်ကာငေးကြည့်နေမိသောအဖြစ်ကနေအသိဝင်လာမိသည်။ ဟန်မပျက်အနေအထားနှင့် ခင်းကျင်းပြသထားသောအဝတ်အထည်တွေကိုလိုက်ကြည့်နေရင်း နောက်တစ်ကြိမ်ခိုးကြည့်လိုက်ချိန်မြင်နှင့်နေပြီဖြစ်သောမျက်ဝန်းတစ်စုံနှင့်ရင်ဆိုင်လိုက်ရ၏။ ကြည်ကြည်သာသာပြုံးပြနေသောနှုတ်ခမ်းတစ်စုံကြောင့် မျက်နှာမထားတတ်စွာအကြည့်ကိုဟန်နီ့ဆီပို့လိုက်၏။
"ဟန်နီ့ဘာသာဆက်ရွေးနေလိုက်အုံးနော်၊ ကိုယ်ဟိုဘက်ဘေးကခါးပတ်ဆိုင်ကိုခဏသွားလိုက်အုံးမယ်။ ရော့ဒီမှာ...ပြီးရင်ဒါနဲ့ရှင်းလိုက်၊ ကိုယ်ဝယ်ပေးတာနော်၊ ဟန်နီ့ပိုက်ဆံနဲ့မသုံးလိုက်နဲ့"
လက်ထဲထောင်တန်နှစ်အုပ်ကိုထိုးထည့်ပေးခဲ့ပြီးလှည့်ထွက်လာတော့ အင်္ကျီစကိုခပ်တင်းတင်းဆွဲပြီးအနောက်ကနေလိုက်လာပြန်သည်။
"ပြီးမှဟန်နီနဲ့အတူတူသွားကြည့်မယ်လေ"
"နေခဲ့လိုက်ပါ ခဏပဲ"
စိတ်ရှုတ်နေပေမဲ့ ကောင်းကောင်းမွန်မွန်ပဲပြန်ပြောပြီးထွက်လာခဲ့သည်။ ခြေဦးတည့်ရာလျှောက်နေမိရင်း စိတ်ထဲမှာလည်းဘယ်လိုခံစားချက်မှန်းမသိသောစိတ်တို့နှင့်နေရတာမသက်မသာ။ Toilet ဆိုသောစာတမ်းကိုအတွေ့ ကွေ့ဝင်ခဲ့လိုက်ပြီးမှ အိတ်ထဲကစီးကရက်ဗူးနှင့်မီးခြစ်ကိုထုတ်ယူကာမီးညှိလိုက်၏။
တစ်ချက်နှစ်ချက်ဖွာရှိုက်နေချိန် အတွေးထဲဒယ်ဒီ့မျက်နှာကိုမြင်ယောင်လာမိတော့ ရင်ထဲနေလို့တောင်မရတော့။ ဖုန်းကိုဖွင့်လိုက်ပြီးချက်ချင်းခေါ်လိုက်မိပေမဲ့ ဘယ်ကစပြောရမှန်းမသိ၊ တိတ်ဆိတ်နေမိသည်။
"ပြော သား"
"..."
"ဟေ့ကောင် မင်းငါ့ကိုလာနောက်နေတာလား။ အစည်းအဝေးခန်းထဲရောက်နေတယ် ပြောစရာရှိလည်းမြန်မြန်ပြော"
"ဒယ်ဒီရန်ကုန်မှာလား"
"ဟုတ်တယ်၊ တစ်နေ့ကပြန်ရောက်တာ၊ ပြော ဘာလိုလို့လဲ"
"ဘာမှမလိုပါဘူး။ ဟို...သားအခု Dagon Center ကိုရောက်နေတာ၊ အဲတာ..."
"Dagon Center ဪ..."
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤