Part 26 (U)

7.3K 859 390
                                    

မနေ့ကလိုငေးငေးငိုင်ငိုင်လေးမဟုတ်တော့တဲ့ကောင်လေးက ဒါမှညီမင်းသွင်နဲ့လိုက်ဖက်တဲ့ပုံရိပ်ကလေးနဲ့ဖျတ်လက်တက်ကြွလို့လန်းဆန်း​​နေ​ပြန်တယ်။ ကားကိုဂရုတစိုက်မောင်းနေသူက သီချင်း​လေးခပ်တိုးတိုးဖွင့်ပြီးလိုက်ညည်းနေလိုက်သေး၏။ ကော့တက်နေသောနှုတ်ခမ်းလေးက သွားတက်ကလေးတွေမမြင်ရသည့်တိုင် ရင်ခုန်ခြင်းကိုပေးစွမ်းနိုင်ပြန်သည်။ 

"ဗိုက်ဆာနေပြီလား။ မှော်ဘီအဝင်ကျရင် ဆိုင်တစ်ဆိုင်ဆိုင်မှာမနက်စာဝင်စားရအောင်နော်"

"စားကြတာပေါ့"

တစ်ခါတစ်လေ အသက်အရွယ်နှင့်လိုက်ဖက်သောအပြုအမူလေးတွေရှိ​နေတတ်ပြီး တစ်ခါတစ်လေမှာလူကြီးဟန်ဆောင်ထားသလို တည်တည်ငြိမ်ငြိမ်ပုံစံလေးကိုလည်းပြတတ်သေး၏။

"ကျွန်တော်သိချင်တာတွေမေးလို့ရပြီလားဟင်"

"မေးပါအစ်ကိုသေးသေးလေးရယ်။ ကိုယ်ဖြေပေးလို့ရပါတယ်"

စနောက်သလိုခေါ်တဲ့အသုံးအနှုန်းလေးကိုဟန့်တားမနေချင်တော့ပါ။ ကျွန်တော်ကလည်းနှစ်သက်မိ​နေတာကိုး။ လူကိုအများနှင့်မတူ ထူးထူးခြားခြားခေါ်တတ်တဲ့ကောင်လေးရဲ့အပြုံးလေးကိုလည်းထို့နည်းတူစွာပါပဲ။

"မနေ့ကအိမ်နဲ့အခန့်မသင့်ဖြစ်လာတာလား"

"မာမီနဲ့ပါ"

"မင်းကိုစကားကြမ်းကြမ်းတွေနဲ့ဆူလိုက်လို့လား"

"ဆူတယ်ပြောရအောင် ကိုယ်ကသူဆူအောင်ပြဿနာရှာခဲ့တာမျိုးတော့မရှိပါဘူး။ သူ့အလိုမကျတော့နိုင်ရာဖိပြောတာမျိုးပါစစ်ရာ"

"ဪ"

"မနေ့တုန်းကစိတ်ထဲတော်တော်မခံနိုင်ဖြစ်ခဲ့တာ၊ အစကတော့ နားရည်ဝနေတဲ့စကားတွေကို ခေါင်းထဲမထည့်ခဲ့ပါဘူး။ ဒါပေမဲ့ တွေးရင်းတွေးရင်းဒေါသကထွက်လာရော၊ ခံပြင်းလာတယ်စစ်ရာ။ ကိုယ်မလုပ်ခဲ့တဲ့အပြစ်တစ်ခုအတွက် တစ်သက်လုံးအပြောအဆိုခံနေရတာမဟုတ်သေးဘူးလို့တွေးမိတော့ ခံရခက်လာတယ်။ ဘယ်တော့များမှပြီးဆုံးမှာလည်းတွေးမိတော့ စိတ်ထဲနေရတာ...အင်း နည်းနည်းတော့ပူလောင်သွားတယ်"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now