Part 5 (Z)

3.3K 224 35
                                    

POV of စစ်မင်းခ ။

"အစ်ကိုစစ်မင်းခ"

တီးဝိုင်းခေါင်းဆောင်ကိုစိုင်းနှင့်ကူညီသိမ်းဆည်းနေစဉ် ခေါ်သံကြောင့်လှည့်ကြည့်မိတော့ မွေးနေ့ရှင်ဂျူနီယာလေးကိုတွေ့လိုက်ရပါသည်။

"ညီမသူငယ်ချင်းတွေကလေ အစ်ကိုနဲ့မိတ်ဆက်ချင်​ကြလို့တဲ့၊ ခဏလောက်လိုက်ခဲ့ပေးလို့ရမလားဟင်"

မွေးနေ့ကျင်းပရာခြံဝန်းလေးထဲတွင်ဧည့်သည်များကတော့မရှိကြတော့ပါ။ ပွဲပြီးသွားချိန်တွင်တီးဝိုင်းအဖွဲ့သားအားလုံးကိုစားသောက်ဖွယ်ရာများနှင့်ထပ်မံဧည့်ခံပေးနေပြန်သောကြောင့် တီးဝိုင်းပစ္စည်းတို့ကိုကားပေါ်တင်ပြီးမှ အေးအေးလူလူတစ်ခေါက်စားသောက်နေ​ကြသောအဖွဲ့သားတို့ကို လှမ်းကြည့်လိုက်ရင်း

"ကိုစိုင်း၊ ကျွန်တော်ဒီကညီမလေးနဲ့ခဏလိုက်သွားလိုက်ဦးမယ် "

"သွားလေ၊ အားလုံးတင်လို့ပြီးပြီပဲဟာ၊ အေးဆေးသွားပါ။ မိန်းကလေးတွေကို ကိုဒီးကားနဲ့အရင်ပြန်ပို့ခိုင်းလိုက်မယ်။ အစ်ကိုတို့ကဒီကားနဲ့ပြန်ကြတာပေါ့"

ကိုစိုင်းကိုအသိပေးခဲ့ပြီးမှ မွေးနေ့ရှင်လေးခေါ်ဆောင်ရာစားပွဲဝိုင်းဆီလိုက်လာခဲ့ရ၏။ အားလုံးပြီးဆုံးသည့်တိုင်မ​ပြန်​ကြ​သေးတဲ့လူတစ်စုက လူရင်းတွေဖြစ်ပုံရ၏။ မိတ်ဆက်ပေးရန်လာခေါ်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေသည့်တိုင် အားတင်းပြုံးရင်း စကားစမြည်ဆိုရ​ပြန်ပါတော့သည်။

လူရည်သန့်လေးတွေဖြစ်ကြပြီး ပွင့်ပွင့်လင်းလင်းချီးကျူးနေခြင်းကြောင့်ပြန်ကာနှုတ်ဆက်နေမိစဉ် စူးစိုက်ကြည့်နေသောမျက်နက်ဝန်းတစ်စုံကိုသတိပြုလိုက်မိ၏။ တခြားသူတွေလိုဝင်ရောက်ပြောဆိုခြင်းမရှိဘဲ လူကိုပဲအကဲခတ်စူးစိုက်​ကြည့်နေတဲ့မျက်ဝန်းတို့ကြောင့် ဆုံများဆုံခဲ့ဖူး​လေသလားရယ်ပြန်စဉ်းစားလိုက်ရသည်။ သို့သော်အင်မတန်ကောင်းတဲ့မှတ်ညဏ်ကြောင့် တစ်ကြိမ်တစ်ခါမျှမဆုံခဲ့ဖူးတာသေချာပါသည်။

အတွင်းကရှပ်အင်္ကျီကိုကြယ်သီးနှစ်လုံးဖြုတ်ကာလှစ်ဟထားပြီး အပေါ်ကုတ်ကလည်းဖရိုဖရဲဖြစ်နေသလို ခုံနောက်ကိုလျော့တိလျော့ရဲမှီထိုင်ထားသည့်ပုံစံက ပျင်းတိပျင်းရွဲနိုင်၏။ ကြည့်ရတာအတော်သောက်ထားသည်ထင်ပါရဲ့။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now