Part 41 (U)

7.6K 858 375
                                    

တစ်ပတ်စာဈေးဝယ်ချင်ပါတယ်ပြောလာသူကြောင့် ရန်ကင်းဈေးကိုလိုက်ပို့ပေးရသည်။ နာရီဝက်အကြာအသစ်စက်စက်ဝယ်လာသောပလက်စတစ်ခြင်းကြီးထဲတွင် ဝယ်လာတာတွေကအပြည့်အသိပ်။

လက်နှစ်ဖက်တွင်အိတ်တစ်ချို့နှင့်ချိုင်းကြားတွင်သစ္စာပန်းစည်းကြီးကိုညှပ်လာသူကြောင့် ကားထဲကအမြန်ထွက်ကာပြေးကြိုလိုက်ရ၏။ နဖူးစပ်တွင်ချွေးစတွေနှင့်မျက်နှာလေးကနီးမြန်းမြန်း။

"ဒီလောက်အများကြီးဝယ်မှာကို ဘာလို့တစ်ယောက်ထဲသွားရတာလဲစစ်ရာ"

"မင်းလိုက်လို့မဖြစ်လို့ပေါ့"

"ဘာဖြစ်လို့လဲဗျာ"

"ရှော့ပင်းမောသွားတာမဟုတ်ဘူး။ အသားငါးတန်းကစိုစိစိုစိနဲ့ မင်းဝတ်စားလာတဲ့ပုံကဒီလိုဈေးထဲဝင်ရတဲ့ပုံမဟုတ်ဘူး။ ပြီးတော့ ငါကဈေးဆစ်သင့်တာဆစ်၊ လျော့သင့်ရင်လျော့ခိုင်းရသေးတယ်။ မင်းပါလာရင်လျှာကဝင်ရှည်ဦးမှာ။ စိတ်ကြိုက်ဝယ်ရမှာမဟုတ်ဘူး"

"ဒါဆို နောက်နေ့စစ်လိုပဲဝတ်လာတော့မယ်၊ ပုဆိုးတွေကအလှူတွေဘာတွေသွားတဲ့ ပိုးပုဆိုးတွေပဲရှိတာ၊ စစ်ဝတ်သလိုမျိုးလေးတွေဝယ်ပေးဦးနော်"

"ဈေးလိုက်ဖို့များတကူးတကဝယ်မနေနဲ့၊ ငါ့ဟာငါပဲသွားမယ်၊ လိုက်မရှုတ်ချင်စမ်းပါနဲ့"

"စစ်ကလည်း ကိုယ်ကကူသယ်ပေးချင်လို့ပါ။ နောက်တစ်ခါသွားမယ်ဆိုရင် City Mark ပဲသွားကြမယ်နော်"

"မသွားပါဘူး ဈေးတွေကမတန်ဘူး။ အဲတာသူဌေးတွေပဲဝယ်တဲ့ဈေး၊ ငါကဒီလိုဈေးပဲဝယ်တတ်တယ်၊ ဈေးလည်းပိုတန်သလို များများဝယ်ရင်လည်းအပိုပေးသေးတာ"

ကြည့်စမ်း၊ အစ်ကိုသေးသေးလေးကဈေးကိုလည်းဆစ်တတ်သေး။ အပိုလည်းတောင်းတတ်သေးတယ်ပေါ့။

"ဘာကြည့်ပြီးပြုံးစိစိလုပ်နေတာလဲ၊ ငါ့ကိုဘာပြောချင်နေတာလည်းသိတယ်နော်။ ဘာဖြစ်လဲ တန်ရာတန်ရာတော့ဆစ်ရမှာပဲ၊ အပိုတောင်းသင့်လည်းတောင်းရမှာပဲ၊ အလကားဝယ်တာမှမဟုတ်တာ။ နောက်ဆိုအသီးအရွက်တွေဒီကမဝယ်တော့ဘူး ဈေးတွေကမတန်တဆတွေ၊ မှော်ဘီကပဲတစ်ပတ်စာခူးခဲ့တော့မယ်။ ကြက်လည်းဟိုကနေပဲပြုတ်ကြော်လုပ်လာခဲ့တော့မယ်"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now