Part 75 (U)

9.2K 748 724
                                    

Nyi Minn Thwin

လူကစိတ်တိုနေပါတယ်ဆိုမှ ကားကပြဿနာပေါ်နေပြန်သည်။ သတ်မှတ်ထားသောကုန်အလေးချိန်ထက် ဝန်ပိုတင်ချင်ကြသောကားဆရာတွေကြောင့်ခေါင်းတွေနောက်ရ၏။

ထိုသို့သောအသေးအဖွဲလေးတွေကိုတောင်မလိုက်နာချင်သည့်ကားဆရာတွေကိုလည်းအပြစ်မဆိုနိုင်ပါ။ အမှန်တော့ကုန်လာတင်သော Customer တွေကိုက တင်လို့မရ​တော့ပါဘူးပြောတာကိုနောက်ကားအထွက်ကိုမစောင့်နိုင်ဘဲ သူတို့ပစ္စည်းကိုဇွတ်တင်ချင်တာမျိုးဖြစ်နေတတ်တော့ သက်ဆိုင်ရာမန်နေဂျာတွေကိုပဲတင်းတင်းကျပ်ကျပ်မှာထားခဲ့ရသည်။

ကုန်တင်ကား ၃ စီးနှင့် ခရီးသည်စီး Express ကား ၂ စီးရှိနေတော့ပြဿနာတွေကလည်းပေါများလွန်းလှ၏။

ကားမထွက်ခင်သေသေချာချာမစစ်ဆေးခြင်းတွေကြောင့် လမ်းတွင်ပျက်ပြန်ပါကကုန်တင်ကားဆိုလျှင်ပစ္စည်းရောက်ချိန်တွေလွဲချော်တတ်သလို ခရီးသည်ကားဆိုလျှင်ရန်ကုန်အဝင်နှောင့်နှေးတတ်ခြင်းကြောင့် ဧည့်သည်များ၏ငြူစူခြင်းကိုခံရတတ်၏။

ဒီကြားထဲခုံပြည့်သာလူတင်ခိုင်းခြင်းကို ကြားတွင်လူတင်ပြီးဘေးပေါက်ရှာတတ်သောကားသမားနှင့်စပယ်ယာတွေကြောင့် ခရီးသည်တွေစိတ်အနှောက်အယှက်ဖြစ်ရတတ်၏။

တစ်နေ့တစ်နေ့မရိုးနိုင်သောပြဿနာပေါင်းစုံကြားတွင် စိတ်ကိုအတတ်နိုင်ဆုံးဆွဲဆန့်လို့သာနေခဲ့ရသည့်နောက် လူလည်းခန္ဓီပါရမီတွေတော်တော်ပြည့်ဝလာခဲ့သည်။

မနက် ၆ နာရီကတည်းကဖျာပုံရှိကားဝန်းထဲကိုရောက်နေရပြီး လိုအပ်သောစစ်ဆေးခြင်းတွေပြုခဲ့ပြီးမှနေ့လယ်စာကို စားသောက်ဆိုင်တစ်ဆိုင်တွင်မန်နေဂျာနှင့်အတူစားသောက်ပြီးမှ ရွာကိုပြန်လာခဲ့၏။

ဆိုင်ကယ်မောင်းကိုခပ်မြန်မြန်မောင်းနှင်နေရင်း မနေ့ကဆရာဝန်ပြောသွားသောစကားကိုအမှတ်ရလိုက်မိ၏။ သူ့ဖခင်ကျန်းမာရေးမကောင်းဖြစ်နေလို့ ဖျာပုံကိုတစ်ပတ်ဆယ်ရက်လောက်ပြန်ရပါဦးမယ်တဲ့။

ကျန်ခဲ့သော Nurse လေးနှင့်အကူကောင်လေးတို့က တော်ရုံတန်ရုံအဖျားရောဂါလောက်ကိုကုသနိုင်ပေမဲ့ အရေးပေါ်မွေးလူနာမျိုးနှင့်ထိခိုက်ဒဏ်ရာရခြင်းတို့အတွက်က ဆရာဝန်တစ်ဦးရှိကိုရှိမှဖြစ်ပါလိမ့်မည်။ အစားထိုးဆရာဝန်တစ်ဦးကိုရအောင်ရှာဖွေပြီး အမြန်ဆုံးလွှတ်လိုက်ပါ့မယ်ဆိုသောစကားကြောင့်သာ စိတ်သက်သာရာရခဲ့၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now