Part 30 (U)

7.3K 922 285
                                    

"ဟယ်လို ကိုလင်း"

​နောက်ဆုံးဘာသာကိုလျောလျောရှူရှူဖြေပြီးသည့်နောက် ကျေနပ်နေသောစိတ်နှင့်စစ်တို့ကျောင်းရှိရာဆီထွက်လာရာလမ်းတွင် ကိုလင်းဆီကဖုန်းဝင်လာ၏။

"မင်းသွင်၊ အစ်ကိုပြောစရာရှိလို့"

"ပြောလေ"

"ဝပ်ရှော့ကကားရပြီဆိုလို့သွားယူတာ၊ အဲတာအပြန်လမ်းမှာနိုင်မင်းနဲ့တွေ့တယ်"

(Note မင်းသွင်အစ်ကိုနာမည်ကနိုင်မင်းလွင်ပါနော်။ မမှတ်မိမှာစိုးလို့ပြန်မိတ်ဆက်ပေးတာ)

"ကိုကိုနဲ့တွေ့လာတာလား၊ ဒီတော့..."

"ကားကိုစမ်းမောင်းကြည့်ချင်တယ်ပြောလို့ ပေးမောင်းလိုက်မိတာကိုကွာ၊ အဲတာအစ်ကိုကို့အိမ်ပြန်လိုက်ပို့ပြီးကားကိုဇွတ်ယူသွားတယ်။ ညီလေးကားလို့ပြောလိုက်ပါတယ်၊ ဘယ်လိုမှပြောလို့မရဘူး အေးဆေးပါဆိုပြီးမောင်းချသွားတယ်"

"ဟာကွာ၊ ဘယ်ကိုယူမောင်းသွားတာလဲ"

"ပြောမသွားဘူးညီလေး၊ အစ်ကိုတောင်းပန်ပါတယ်။ ရိုးရိုးသားသားမောင်း​ကြည့်​ချင်တယ်ထင်လိုက်လို့ ကားသော့ကိုပေးလိုက်မိတာပါ"

"ကိုလင်းအပြစ်မဟုတ်ပါဘူးဗျာ။ ကိုကိုကသာစည်းကျော်လာတာမျိုးပါ"

"ညီလေး အစ်ကိုစိုးရိမ်တာလေ၊ ကားထဲမှာ Owner book ပါသွားတယ်။ စာရွက်စာတမ်းတွေကတော့အစ်ကို့ဆီမှာပါ"

"အာ...ဒီလိုလား။ ဟုတ်ပြီကိုလင်း ကျွန်တော်သူ့ဆီဖုန်းဆက်လိုက်မယ်။ နောက်ဆိုသတိထားမှတော့ဖြစ်မယ်နော်။ တစ်ခုခုဆိုကိုလင်းခေါင်းပဲ"

ပြောသင့်သောစကားကိုအားနာနာနှင့်ပြောထားလိုက်ရသည်။

"အေးပါကွာ၊ နောက်ဆိုသတိထားရတော့မှာပေါ့၊ အစ်ကိုလည်းဖုန်းဆက်နေတာ။ မကိုင်လို့ညီလေးဆီကိုအ​ကြောင်းကြားလိုက်ရတာပါကွာ"

"ဟုတ်ပါပြီ၊ ကိုလင်းရေ..ကိုကိုအနေအထားကို ကိုလင်းအသိဆုံးမဟုတ်လား။ သူနဲ့အလုပ်သ​ဘောအရ​ခပ်ကင်းကင်းနေမှဖြစ်လိမ့်မယ်။ ဒါက ကျွန်တော်မပြောချင်ဘဲပြောလိုက်ရတဲ့စကားပါ"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now