Part 19 (Z)

2.3K 163 21
                                    

ကျောပိုးအိတ်၊ ပလပ်စတစ်ခြင်း​ကြီးတစ်ခြင်းနှင့်အဝတ်အိတ်တစ်လုံးကို ရန်ပိုင့်ကားပေါ်တင်လို့မှော်ဘီသို့ဦးတည်လာခဲ့ကြသည့်လမ်းတွင် ရန်ပိုင်ကထားတို့အိမ်ကိုရောက်ခဲ့စဉ်ကအဖြစ်ကိုပြောပြလာ၏။

"ထားအမေကတော်တော်အချက်အပြုတ်ကောင်းတဲ့ပုံပဲကွ။ နန်းကြီးသုပ်များမန္တလေးသွားတုန်းကစားခဲ့ရတဲ့အတိုင်းပါပဲ။ ငါ့အမေကိုပြန်သွားကြိုရင်းစားခဲ့ရတာ"

"အင်း ထားနဲ့ရောတွေ့ခဲ့တယ်မဟုတ်လား"

"တွေ့ခဲ့ပါ့၊ သူ့သူငယ်ချင်းကိစ္စဝင်ပြောခဲ့ဖူးလို့လားမသိပါဘူး ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီးစကားပြောပါတယ်။ ငါ့အမေက​တော့အိမ်လည်ထွက်ရလို့ပျော်လည်းပျော်စားချင်တာ​တွေလည်း​စားပေါ့ကွာ။ ထားကိုလည်းချစ်လို့တဲ့ သမီးသမီးနဲ့ပါးစပ်ဖျားကမချဘူး အဟား"

"အဲ့တာကြောင့် စာမေးပွဲဖြေပြီးအရိပ်တောင်မမြင်ရအောင်ပြေးလိုက်တာတန်းနေရော၊ မိုးကမေး​နေလို့ငါလည်းဗြောင်ညာလိုက်ရသေး"

"မိုးကထားတို့နဲ့မှလိုက်လာမှာလား"

"အေး၊ မိုးရယ်သူ့ညီမရယ်ပဲလိုက်ဖြစ်တယ်။ ကျန်တာထားရဲ့သူငယ်ချင်း ၃ ယောက်"

"လူတွေများနေတာကိုငါပါလိုက်လာမိတာအားနာလိုက်တာ "

"အရေးမပါတာတွေ​ပြောပြန်ပြီ။ ငွေမရှိပေမယ့်စေတနာတွေကအပြည့်ပါကွ။ ခြံကြီးတစ်ခြံလုံးရှိမှတော့ ထမင်းနဲ့အသီးအရွက်ကြော်တစ်ခွက်ကတော့ဘယ်အချိန်လာလာကျွေးနိုင်ပါတယ်ဟ"

"ငါလည်းအခုမှပဲမင်းတို့ခြံလေးကိုလိုက်လည်ဖြစ်တော့တယ်"

"အေးပေါ့ စွဲဆောင်တာလေးတွေကလည်းရှိနေတာကိုး"

ပြောလိုက်တဲ့စကားကိုမငြင်းဘဲ ပြုံးပြုံးကြီးဖြစ်နေတဲ့မျက်နှာကြောင့်ရယ်ချလိုက်မိ၏။

"အေးပါ ရယ်ပါ ရယ်နေပါ။ အလှည့်ကျတော့မနွဲ့စတမ်းပေါ့ မင်းခရာ "

"သြော် သဘောကျလို့ရယ်မိတာပါကွာ။ ဒါနဲ့ဟိုရောက်ရင်ရင်းနှီးအောင်နေနော်၊ ငါဂွင်ဖန်ပေးမယ်။ မင်းကအူတူတူတော့မလုပ်နဲ့​ပေါ့။ သိတဲ့အတိုင်းရည်းစားသာမရှိ​သေးတာ လာကြိုက်တဲ့လူကပေါမှ​ပေါတဲ့။ ငါညီမင်းသွင်ကိုမသိမသာမေးကြည့်ထားတာ "

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now