Part 62 (U)

5.3K 595 229
                                    

2010 December
Pearl Condo

အခါပေါင်းများစွာဝင်ထွက်ခဲ့ဖူးပေမဲ့ အခုတစ်ကြိမ်ရောက်လာခြင်းတွင်စိုးရွံစိတ်များနှင့်ခြေလှမ်းတွေက တုန့်နှေးနေမိသည်။ အခန်းဘဲလ်ကိုမတီးခင် လက်ကိုတင်းတင်းဖျစ်ညှစ်လာ​ခြင်းကြောင့်လှည့်ကြည့်လိုက်မှ လူကိုရင်ခွင်ထဲဆွဲသွင်းလိုက်သူကဆံပင်တွေထဲမျက်နှာအပ်နမ်းရှိုက်လာရင်းအားပေး၏။

"မကြောက်နဲ့နော် ကိုယ်တစ်ယောက်လုံးရှိတယ်သိလား။ ကိုယ်စစ်နားမှာအမြဲရှိမှာ"

"အင်း"

"ဒယ်ဒီဘာပြောပြောနားပဲထောင်နေနော်၊ ဘာမှပြန်မပြောနဲ့။ အင်းလည်းမပြောနဲ့ ဟင့်အင်းလည်းမပြောနဲ့၊ ကိုယ့်ကိုစိတ်ကောက်တုန်းကလိုပဲ ပါးစပ်ကိုပိတ်နေလိုက်။ သူပြောချင်တာတွေပြောပြီးတာနဲ့ တန်းပြန်​ကြမယ်နော်"

"အင်း"

အခန်းဘဲလ်ကိုတီးလိုက်ချိန် လာဖွင့်ပေးသူကအန်တီကိုယ်တိုင်။ နှစ်ယောက်လုံးကိုပွေ့ဖက်ထားရင်းကျောပြင်ကိုဖွဖွပုတ်ပေး၏။ အခန်းထဲရောက်ချိန်ထိ လွှတ်မပေးသေးတဲ့လက်တစ်ဖက်ကိုဖယ်ခွာချ​ပြန်တော့လည်း ပိုလို့တောင်တင်းတင်းဆုတ်ကိုင်ထားပုံကလွှတ်မဲ့ပုံလည်းမမြင်။

ဧည့်ခန်းထဲတွင် ကလေးတွေနှင့်အတူတူထိုင်နေသောအန်ကယ်ရဲ့အကြည့်က ကိုင်ဆွဲထားသောလက်နှစ်ဖက်ထံတွင်အဆုံးသတ်သွား၏။ ကျွန်တော်တို့ကိုအမြင် ဆိုဖာပေါ်တွင်ထိုင်နေသောအမွှာလေးကဆင်းပြေးလာလေသည်။

ညီမင်းသွင်နှင့်ကြာလေပိုတူလာသောလင်းသန့်လေးကို ဆီးပွေ့ချီလိုက်ရင်းပါးပြင်လေးကိုဖွဖွနမ်းလိုက်မိတော့ တိုရေရှားရေလှစ်ကနဲပြုံး၏။ ချက်ချင်းဆိုသလိုပြန်တည်သွားသောမျက်နှာလေးနှင့်လက်ကိုဆွဲပြီးဆိုဖာရှိရာဆီဆွဲခေါ်သွားသည်။

တိုတို တိုတိုနှင့် တီတီတာတာပြောနေသောပိုပိုလေးကိုချီပွေ့ထားပြီး မပြုံးမရယ်မျက်နှာနှင့်ရှိနေသူက ကျွန်တော့်ဘေးတွင်ကပ်ထိုင်၏။

"မင်းကဘာကိစ္စနဲ့လိုက်လာတာလဲ။ မင်းကိုငါမခေါ်ထားဘူးနော်၊ သားစစ်ကိုပဲခေါ်လိုက်တာ"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now