Part 51 (U)

9.3K 833 744
                                    

၂၀၀၈ ခုနှစ် သင်္ကြန်အတက်နေ့။

နေ့လယ်မဏ္ဍာပ်နားချိန်ဝိုင်းဖွဲ့စားသောက်နေရင်း မမိုးအနားမှာထိုင်နေသောစစ်ကိုလှမ်းကြည့်လိုက်မိသည်။ သတ်မှတ်ထားသောစည်းကမ်းများက နှစ်ကိုယ်ကြားတွင်လျော့နည်းလာခဲ့ပေမဲ့ လူတွေရှေ့ တွင်တင်းကျပ်သထက်တင်းကျပ်လာ၏။ စစ်မွေးနေ့ပြီးနောက်တစ်ရက်တွင် သူငယ်ချင်းတွေကိုအသိပေးလိုက်ခြင်းကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ပက်သက်ဆက်နွယ်မှုကိုအားလုံးလည်းသိသွားခဲ့ပြီ။

စစ်နှင့်ကျွန်တော့်ရဲ့နီးစပ်လာခြင်းတွေကတော့ ကျေနပ်လောက်အောင်တိုးတက်ခဲ့ပေမဲ့ ခရီးဆုံးထိမရောက်ခဲ့သေးပေ။ ဒါကလည်းကျွန်တော့်ရဲ့ထိန်းသိမ်းနိုင်ခြင်းကြောင့်ဖြစ်သလို စစ်ရဲ့စောင့်ထိန်းထားခြင်းတွေကြောင့်လည်းပါတာပေါ့။

ယောက်ျားလေးနှစ်ယောက်ကြားကပက်သက်မှုတွေကတော့ ပွင့်ပွင့်လင်းလင်းပါပဲ။ နမ်းသည် ရှိုက်သည် ထိတွေ့သာယာခဲ့ကြသည်။ မထိဖူးမကိုင်ဖူးတဲ့အရာတွေမရှိလောက်အောင် ခန္ဓာဗေဒသဘောတရားတွေလည်းတော်တော်နှံ့စပ်ခဲ့ပြီးကြလေပြီ။ သို့သော်...သို့သော်...နောက်ဆုံးခံတပ်ကတော့မယိုင်မလဲခိုင်မြဲ‌နေစဲ။

တစ်ပတ်တစ်ရက်အတူတူအိပ်ခွင့်စည်းကမ်းက နည်းနည်းလေးမှပြောင်းလဲမသွားသည့်အပြင် ရက်ကလေးတောင်ခိုးခွင့်မရှိတော့ပါချေ။ အလိုလည်းလိုက်သလို ပို၍တင်းကျပ်လာသောစည်းမျဉ်းစည်းကမ်းများကြား နေ့ရက်တွေကကုန်လွန်လာခဲ့လေသည်။

ခုလိုသင်္ကြန်ရက်တွေအတွင်းမှာ ပိုလို့တောင်အနားကပ်ခွင့်မရှိရခြင်းက အင်မတန်သောက်မြင်ကပ်စရာကောင်းလှသည့် အဖေတူမအေကွဲအစ်ကိုနိုင်မင်းလွင်ကအပေါင်းအသင်းရောင်းရင်းသုံးယောက်နှင့်အတူ မဏ္ဍာပ်ကိုရောက်ချလာခြင်းကြောင့်။

လူလွတ်ဖြစ်ကာမှ လူပျိုရှုံးအောင်အပျော်ကြူးလှသည့်ကိုကိုက သူ့ဘော်ဒါတွေကိုပါခေါ်ချလာပြီးညီလေးမဏ္ဍာပ်ကိုအားဖြည့်ပေးလာခြင်းပါတဲ့။ တစ်နေကုန်ရေပက်လိုက် သောက်စားပျော်ပါးလိုက်နှင့်ရှိနေခဲ့ပေမဲ့ တခြားပြဿနာရှာခြင်းမျိုးတော့မရှိခဲ့ပါလေ။ အနိုင်ကျင့်ချင်သည့်ဉာဉ်လေးကမပျောက်လေတော့ ဟိုဟာပူစာဒါပူစာလေးတော့ရှိတာပေါ့။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now