Part 8 (U)

9.6K 1.1K 434
                                    

နံနက်အစောဆုံးကားနှင့်ထွက်လာသောကြောင့် မှော်ဘီအိမ်ကိုရောက်ချိန်မှာ ၇နာရီခွဲခန့်သာရှိသေး၏။ အိမ်ကြက်တစ်ကောင်နှင့် မီးဖိုထဲတွင်အလုပ်များနေသောညီမဖြစ်သူက စစ်မင်းခကိုမြင်လိုက်စဉ်...။

"ကိုကိုရောက်လာပြီလား၊ မမမိုးတို့ကရော ဘယ်အချိန်လောက်ရောက်မှာတဲ့လဲ"

"၁၁ နာရီလောက်တော့ရောက်မယ်ပြောတယ်၊ အေးဆေးချက်ပါ။ ခဏနော် ကိုကိုပစ္စည်းတွေကိုအခန်းထဲသွားထားလိုက်ဦးမယ်။ ကိတ်မုန့်တွေစားပွဲပေါ်တင်ထားခဲ့တယ်၊ သိမ်းလိုက်ဦး"

အခန်းထဲကျောပိုးအိတ်ကိုဝင်ထားနေစဉ် ဖွင့်ထားသောပြတင်းတံခါးမှတစ်ဆင့် ဖခင်ဖြစ်သူကိုစိုက်ခင်းထဲတွင်လှမ်းမြင်လိုက်သည်။ ထုံးစံအတိုင်းခြံထဲရောက်နေခြင်းကြောင့် ငယ်လေးဆီကိုမသွားသေးဘဲ ခြံထဲသို့ဆင်းလာခဲ့လိုက်သည်။ အိမ်နောက်ဘက်မြေကွက်ကျယ်ကျယ်တွင် စိုက်ပျိုးထားသော သီးပင်စားပင်များအကြား ရေဖျန်းနေသော
ဖေ​ဖေကကျွန်တော့်ကိုမြင်လိုက်ချိန်...။

"သား ရောက်လာပြီလား၊ စောသားပဲကွ"

"ဟုတ်ကဲ့ဖေဖေ၊ အစောဆုံးကားနဲ့ထွက်လာလိုက်တာ၊ လမ်းမှာအတက်အဆင်းနည်းတော့ စောရောက်လာတာပေါ့။ ဖောက်သယ်တွေရောလာသွားပြီလား"

"ကြာပေါ့"

ဖေဖေ့လက်ထဲကရေပိုက်ကိုလက်လွှဲယူလိုက်ရင်း ချဉ်ပေါက်ပင်တန်းဆီဖြန်းလိုက်၏။

"မာလကာခြံရောအခြေအနေဘယ်လိုဖြစ်သွားပြီလဲ"

"အကိုင်းတွေခုတ်သင့်တာခုတ်ပြီး ဆေးကျွေးထားရတာပေါ့၊ ဒီနှစ်တော့သိပ်မျှော်လင့်လို့မရတော့ဘူးပပေါ့သားရယ်၊ ကံပေါ့"

ကျွန်တော်တို့မိသားစုပိုင်ကီလိုမာလကာခြံတွင် ဒီနှစ်ပျပိုးကျခြင်းကြောင့် ဖေဖေတစ်ယောက်အတော်အလုပ်များသွားရသည်။

ကျွန်တော်လည်းကျောင်းတစ်ဖက်နှင့်ဖေဖေ့ကိုမကူညီနိုင်ခဲ့ပါ။ အလုပ်သမားများနှင့်အတတ်နိုင်ဆုံးထိန်းသိမ်း​ပြု​ပြင်နေတာကိုတော့သိခဲ့ရ၏။

ယမန်နှစ်ကထွက်နှုန်းကောင်းခဲ့၍ဝမ်းသာမည်ရှိသေး၊ ဒီနှစ်မှာပိုးကျပြန်၏။ ဘယ်အရာမှမတည်မြဲဘူးဆိုတာကိုလက်ကိုင်ထားတဲ့ဖခင်ကြီးကတော့ ကျွန်တော်တို့မောင်နှမလောက်စိတ်မကောင်းဖြစ်ဟန်မတူ၊ အေးအေးသာသာသာရှိနေ၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now