Part 57 (U)

8.8K 670 347
                                    

2010 (August)

အချိန်စက်ဝန်းများသည်ပုံမှန်လည်ပတ်နေရင်း လပေါင်းများစွာအလီလီပြောင်းကာကုန်ဆုံးခဲ့သော်လည်း ကျွန်တော်တို့နှစ်ဦးကြားကချစ်ခြင်းမေတ္တာတွေမှာသစ်လွင်လတ်ဆတ်နေစဲ။

သမာရိုးကျအိမ်ထောင်ဖက်တွေလိုလူသိရှင်ကြားဖော်ပြခွင့်မရခဲ့ပေမဲ့ ချည်နှောင်ထားမိသောသံယောဇဉ်လွန်းကြိုးလေးတွေခိုင်မြဲလွန်းခဲ့ခြင်းက နှစ်ဦးကြားကချစ်ခြင်းမေတ္တာမှာမယိုင်မလဲတင်းတင်းရစ်နှောင်လို့ထားကြ၏။

မိသားစုနှစ်စုကြားတွင် အင်မတန်ချစ်ကြသောမတဲ့အတူနေညီအစ်ကိုနှစ်ဦးအဖြစ် တည်ရှိနေခဲ့ခြင်းမှာလည်းနေသားကျနေခဲ့လေပြီ။ ခုဆို စစ်ကအလုပ်သင်ဆရာဝန်လေးအဖြစ်လုပ်ငန်းခွင်တောင်နေရပြီ။ ကျွန်တော်က နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်အဖြစ်နှင့် စီးပွားရေးကိုလည်းဦးဆောင်လုပ်နေခဲ့ရတော့ တွေ့ဆုံချိန်တွေဟာလည်းပို၍ပို၍ရှားပါးလာသည်။

အလုပ်သင်ဆရာဝန်လေးအတွက် ထမင်းချိုင့်လေးပြင်ပေးရသောအလုပ်လေးကလည်းပိုလာ၏။ မနက်ပိုင်းနှင့်ညပိုင်းလောက်သာတွေ့ချိန်ရှိခဲ့ကြသလို စစ် Night Duty ကျသောရက်များတွင် တွေ့ချိန်ကမရှိသလောက်ဖြစ်ခဲ့သည်။

ဘယ်လိုအခြေအနေပဲရောက်ရောက် ချစ်ခြင်းတရားတွေကမပြောင်းလဲခဲ့ပါပေ။ စစ်ပြောခဲ့ဖူးသောစကားလို ငါတို့တွေရဲ့အချစ်က ကျွန်းပင်လိုပဲတဲ့၊ သက်တမ်းရင့်လာလေလေ ပိုပြီးမာကြောလာလေလေဖြစ်သလို တန်ဖိုးကလည်းပိုပိုမြင့်သွားတတ်တာမျိုးပါတဲ့။

************************

"ညီ နိုးပြီလား"

"အင်း"

မျက်လုံးကိုပြန်မှိတ်ထားပြီးလက်နှစ်ဖက်ကိုဆန့်ပေးလိုက်မိတော့ ရင်ခွင်ထဲတိုးဝင်လာသောကိုယ်သင်းရနံ့လေးကရေချိုးဆပ်ပြာနံ့လေးရောယှက်ပြီးစိတ်ကြည်ဖွယ်ရာ။ ဆံစတွေကိုဖိကပ်နမ်းရှိုက်လိုက်ရင်း အားရပါးရညှစ်လိုက်မိတော့ခပ်ကျိတ်ကျိတ်ရယ်၏။

"ညီ"

"ဟင်"

"အဆင်ပြေတယ်နော်"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now