Nyi Minn Thwin
ဒီတစ်ကြိမ်တွင်တော့နှစ်ဖက်သောမိဘများနှင့်သက်ဆိုင်ရာလူနှစ်ဦးသာရှိနေသည့်ဧည့်ခန်းထဲတွင်စကားသံတို့ကတိတ်ဆိတ်လို့နေ၏။ လက်ကကျောက်ပတ်တီးကိုလှမ်းကြည့်ပြီးစိုးရိမ်မျက်ဝန်းတို့နှင့်ကြဖြစ်နေသောဟန်နီ့ကိုစူးစူးရဲရဲစိုက်ကြည့်နေလိုက်ပြီး အသံတိတ်နှင့်ကျိန်ဆဲလို့နေမိပါတော့သည်။
ဒီရက်ထဲတွင်ဒယ်ဒီတို့တိုက်ခန်းမှာပဲနေပြီးလက်လှမ်းမီသလောက်စုံစမ်းခဲ့ပေမယ့် လွတ်မြောက်ရာလမ်းကလည်းအစအနကလေးတောင်မတွေ့ခဲ့ရပါ။
ခန့်သူရနိုင်ကိုလည်းဆက်သွယ်လို့မရခဲ့သလို ဟန်နီနှင့်လည်းတွေခွင့်မရခဲ့ပါဘူး။ တင်းမာနေသောအခြေအနေကြားတွင်ကိုကို့ကိုသွားတွေ့ခဲ့စဉ်က ထင်သည့်အတိုင်းမရေမရာသောစကားတို့နှင့်သာချောင်ပိတ်မိခဲ့ရပြန်၏။
စစ်နှင့်လားဆိုသည့်အတွေးတို့ကြောင့် စိတ်ကိုဒုံးဒုံးချလို့ယနေ့တွင်ဒယ်ဒီခေါ်ဆောင်ရာကိုလိုက်ခဲ့ရပေမယ့် နောက်ဆုံးအချိန်ထိတော့မျှော်လင့်ချက်ကလေးကိုလွှတ်မချနိုင်သေးပြန်ပါ။
ဟန်နီ့ကိုတွေ့ပြီးနှစ်ဦးထဲစကားသီးသန့်ပြောချင်ခဲ့ပေမယ့် တည်တင်းမာကျောနေသောမျက်နှာထားနှင့်ဟန်နီ့ဖခင်၊ စိတ်ရှုတ်ထွေးနေသောမျက်နှာပေးနှင့်ငြိမ်ငြိမ်သက်သက်ကလေးထိုင်နေသောဟန်နီ့မိခင်တို့ကိုအမြင် စိတ်တို့ကလည်းနောက်ကျိနေရပါတော့သည်။
စားပွဲပေါ်တွင်တည်ခင်းဧည့်ခံထားသည့်အစားအသောက်တွေကိုလည်းတစ်ယောက်မှတို့ထိခြင်းမရှိခဲ့ကြသလို အိမ်ရှင်အနေနှင့်လည်းစကားတွေရွှန်းရွှန်းမဝေနိုင်ကြသည့်အခြေအနေတွင်ဒေါသစိတ်တို့ကိုချုပ်ထိန်းလို့သာဟန်နီ့ကိုစိုက်ကြည့်နေမိပါတော့သည်။
တောင်းပန်တိုးလျှိုးသောအကြည့်တို့နှင့်မျက်ရည်ဝိုင်းနေသောမျက်ဝန်းတို့ကိုအမြင်နည်းနည်းကလေးမှတောင်သနားငဲ့ညှာလိုစိတ်ပေါ်မလာခဲ့ပါဘူး။
ဒါဟာအဆုံးသတ်တစ်ခုလိုဖြစ်နေရတဲ့အချိန် ချစ်တဲ့သူကိုသာတွေ့မြင်ချင်လို့သောနှလုံးကလည်းပူဆွေးသောကရောက်လို့နေရပါတော့သည်။ စစ်ဘယ်မြို့မှာရှိနေသလဲဆိုသည့်သတင်းကလည်းအစအနတောင်မရခဲ့သေးပါ။
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤