19.4.2008
ဘုန်းကြီးသောင်သို့အလည်တစ်ခေါက်"လမ်းကနည်းနည်းကြမ်းတယ်၊ သေချာကိုင်ထားနော်စစ်"
"အင်း"
"အမိုးကစစ်ပါလာတာသိလို့ အရမ်းပျော်နေတာ၊ မှာထားမယ်နော် ဟိုရောက်ရင်အမိုးနားမှာပဲကပ်နေပြီး ကိုယ့်ကိုပလစ်မယ်မကြံနဲ့"
"ငါ့သဘောပါ"
မနေ့ကတစ်နေ့လုံးနှင့် ဒီနေ့တစ်လမ်းလုံးရေသန့်ဗူးကိုဘေးချလို့ချော့လိုက်ရတာလည်း ပါးစပ်ကတောင်အမြုပ်ထွက်လောက်ပါတော့မယ်။ လိုအပ်မည်ထင်တာလေးတွေဖျာပုံမြို့မှာထပ်ဝယ်ချိန်မှ အစ်ကိုသေးသေးလေးဆီကထိုသို့သောတုန့်ပြန်သံလေးစတင်ရရှိခဲ့ခြင်း။
ကောက်လိုက်တဲ့စိတ်ကလည်း ကပ္ပလီဆံပင်ကတောင်အဖိုးခေါ်နိုင်လောက်တယ်။ အင်းလေ... ကောက်တဲ့စစ်အပြစ်လည်းမဆိုသာ၊ Raining Date လေးနဲ့အချစ်သည်းခဲ့မိတာကိုး။ ဒါပေမဲ့တန်ပါတယ်ဗျာ။
ရွာကိုလာရာလမ်းတွင် စိတ်မရှည်ဖြစ်လာတော့မှဆက်စိတ်ကောက်နေမယ်ဆိုရင် ရန်ကုန်ပြန်မပို့တော့ဘူး ရွာမှာပဲအပြီးခေါ်ထားလိုက်တော့မယ်၊ တစ်ခါထဲခိုးပြေးလိုက်တော့မယ်ပြောလိုက်မှ ကြောက်ကြောက်လန့်လန့်နှင့်အကောက်ပြေသွားသူ။
ဘာရမလဲအနမ်းတွေနဲ့ကြမ်းရမ်းပစ်လိုက်သေးတာပေါ့။ ၄၈ နာရီနီးပါးကောက်နိုင်လွန်းသောစစ်ကို အပြစ်ပေးသင့်တယ်မဟုတ်လား။
ခုတော့ အကြမ်းပတမ်းအနမ်းခံထားရသောကြက်တူရွေးနှုတ်သီးလေးနှင့် တစ်ဖက်ကိုလှည့်ထား၏။ ရွာကိုလှမ်းမြင်လိုက်သောနေရာတွင်ကားကိုခဏရပ်လိုက်ပြီးမှာ...။
"စစ်၊ အမိုးအိမ်မှာအခန်းပိုကတစ်ခန်းပဲရှိတယ်။ ဒီ ၃ ရက်လုံးကိုယ်နဲ့တူတူအိပ်ရမှာနော်။ လူရှေ့ရောက်မှဂျစ်ကန်ကန်တွေမပြောနဲ့"
"သိတယ်သိတယ်"
"အမိုးတူတွေတူမတွေကလည်းအိမ်ကိုအမြဲဝင်ထွက်နေကြတာ၊ သူတို့တွေနဲ့လည်းအရမ်းကြီးရောရောထွေးထွေးမနေနဲ့၊ ကိုယ်သဝန်တိုတတ်တယ်နော်"
"ဟင်း..."
"ကိုယ်ကကိုအောင်သောင်းနဲ့ အလုပ်ကိစ္စတွေတိုင်ပင်စရာရှိသေးလို့ စစ်နားမှာမရှိတဲ့အချိန်တွေဆိုရင်အမိုးနဲ့ပဲနေနော်။ ဟိုအိမ်ဒီအိမ်ကအလည်လာခေါ်ရင်လည်းလိုက်လိုက်မသွားနဲ့"
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤