Part 24 (Z)

2.2K 171 23
                                    

ခြေတံလက်တံရှည်ရှည်နှင့်လူတစ်ရပ်နီးပါးရှိတဲ့ချစ်စရာကောင်းလှတဲ့အရုပ်ကြီးကိုကျောတွင်ပိုးလိုက်ရင်း အရုပ်ရဲ့လက်နှစ်ဖက်ကိုလည်ပင်းတွင်သိုင်းချည်လို့ ထားတို့အိမ်ဧည့်ခန်းထဲမြောက်စွမြောက်စွဝင်လာမိတဲ့ညီမင်းသွင်ရဲ့ခြေလှမ်းတို့ဟာ ကိုရန်ပိုင်နှင့်မိခင်ဖြစ်သူကိုအတွေ့ အားတုံ့အားနာတန့်သွားရပါ၏။ ဝင်ပေါက်ဘက်မျက်နှာမူထားတဲ့အန်တီကျော့ကလှမ်းအသံပြု၏။

"ဟော့ မင်းသွင်ပါလား၊ ထားဆီကိုလာတာလား။ ဒီမှာလာထိုင်ပါဦး။ အန်တီ့မိတ်ဆွေတွေနဲ့မိတ်ဆက်ပေးရဦးမယ်။ သူဇာရေ ဒါဟိုဘက်ခြံမှာနေတဲ့သမီးလေးသူငယ်ချင်းလေး၊ သူ့အဖေက Min Travels & Tour က ဦးကျော်ကျော်မင်းပေါ့၊ အရုပ်ကြီးကဘယ်ကယူလာတာလဲသားရဲ့"

"ဘယ်ကမှမယူလာပါဘူး ဝယ်လာတာပါ။ တီကျော့သမီးပေါ့ ကျွန်တော့်ကိုစိတ်ဆိုးပြီးမခေါ်တာသင်္ကြန်ပြီးကတည်းကလေ၊ အဲ့တာမြို့ထဲသွားရင်းအရုပ်သစ်တွေ့လို့သူ့အတွက်ဝယ်လာတာ၊ ဝိုင်းပြောပေးပါဦးတီရယ်။ မခေါ်ဘူးတစ်ပတ်ကျော်နေပြီ"

"ရန်ဖြစ်ကြပြန်ပြီလားဟယ်။ သူဇာရေ အဲ့ဒါပဲကြည့်ပါတော့၊ အိမ်ကသမီးနဲ့မူကြိုအရွယ်ကတည်းကသူငယ်ချင်းတွေလေ၊ ရန်ဖြစ်လိုက်ပြန်တည့်လိုက်နဲ့မတည့်အတူနေနှစ်ယောက်ပေါ့။ သား...ဒီအန်တီကအန်တီ့သူငယ်ချင်းဒေါ်သူဇာလွင်တဲ့၊ ဟိုအစ်ကိုကအန်တီသူဇာ့ရဲ့သား ကိုရန်ပိုင်ဦးတဲ့။ ထားနဲ့ကျောင်းတူတယ်လေ"

ထိုင်လိုက်ကတည်းကကိုရန်ပိုင်ကိုတွေ့လို့ အကြည့်ချင်းဆုံနှုတ်ဆက်ပြီးပါပြီ။ တရားဝင်မိတ်ဆက်ပေးလာမှအဟဲလို့ရယ်ပြလိုက်ပြီးပြောပြလိုက်ရ၏။

"ကျွန်တော်အစ်ကိုရန်ပိုင်နဲ့သိပါတယ်တီရဲ့၊ ကျွန်တော်တို့မဏ္ဍာပ်မှာရေလာကစားသွားထဲကခင်ပြီးသွားပါပြီ၊ မင်္ဂလာပါအန်တီ၊ ကျွန်တော့်နာမည်ညီမင်းသွင်ပါခင်ဗျ"

"မင်္ဂလာပါသားရယ်။ သိကြတယ်လား သားကရောဘာတက်နေတာလဲ"

"ကျွန်တော်က Dental တက်နေတာပါအန်တီ"

"ဪ ကောင်းတယ်ကောင်းတယ်။ အသက်အရွယ်ကလေးတွေကမတိမ်းမယိမ်း၊ ကျောင်းချင်းကလည်းဆက်စပ်နေတော့ခင်ခင်မင်မင်နေကြနော်။ အန်တီတို့အိမ်ကိုလည်းလာလည်ပါဦး၊ မေမေ့ကိုဖိတ်စာတစ်စောင်ထုတ်ပေးပါဦး၊ ညီလေးနာမည်လည်းရေးလိုက်။ လာမယ့် Sunday အန်တီတို့အိမ်မှာအလှူရှိတယ်၊ ဆက်ဆက်လာခဲ့နော်သား"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now