2010 (October)
"မာမီလေး"
"လာ...သားညီ"
ဟန်နီပိုင်ဆိုင်သောအထူးကုဆေးရုံတွင် တက်ရောက်နေသောဒယ်ဒီ့သတင်းကြောင့် ကျောင်းကအပြန်ဝင်လာခဲ့လိုက်သည်။ လူနာကုတင်ပေါ်တွင် နွမ်းလျှသောမျက်နှာဖြင့်အိပ်မောကျနေသောဒယ်ဒီ့ကိုအမြင် ရင်ထဲမကောင်းဖြစ်သွား၏။ ဒီနှစ်ပိုင်းအတွင်းကျန်းမာရေးချူချာလာတာကိုသိနေခဲ့ပေမဲ့ ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့တော့မထင်ခဲ့မိ။
"ဘာဖြစ်တာတဲ့လဲ၊ ဆေးစစ်ချက်တွေထွက်လာပြီလားမာမီလေး"
"ထွက်လာပြီ၊ ထင်ထားတဲ့အတိုင်းပါပဲသားညီရယ် ကျောက်ကပ်တဲ့"
ဒယ်ဒီဖြစ်နေတဲ့လက္ခဏာတွေကိုမသင်္ကာတဲ့မာမီလေးက အလုပ်တွေမအားလို့ဆေးမစစ်နိုင်သေးပါဘူးပြောနေတဲ့ကြားက အတင်းခေါ်စစ်လိုက်ချိန်အခြေအနေကသိပ်မကောင်းလှပါ။
"ထင်လို့ဆေးစစ်ခိုင်းနေတာကြာနေပါပြီ၊ မြင်နေရတာမသက်သာဘူး။ ညညလည်းအိပ်မပျော်ဘူးလေ။ ချွေးတွေကလည်းအရမ်းထွက်တာပဲ။ အသားအရည်ကလည်းသားမြင်တဲ့အတိုင်းခြောက်တယ်၊ အရင်လိုစိုစိုပြေပြေမရှိတော့ဘူး။ ဆီးလည်းခဏခဏသွားနေလို့စစ်ခိုင်းနေတာကို ခေါင်းကြောကတအားမာတယ်ကွယ်၊ ခုတော့ဘယ်လိုလုပ်ကြမလဲသားညီရယ်"
"အရမ်းကြီးစိတ်ပူမနေပါနဲ့မာမီလေးရယ် အနာသိရင်ဆေးရှိပါတယ်ဗျာ။ ကျွန်တော်တို့ကငွေလည်းတတ်နိုင်နေတာပဲ၊ နိုင်ငံခြားမှာသွားကုမှာပေါ့။ ဒီလကုန်ရင်စာမေးပွဲလည်းပြီးပါပြီ၊ ကျွန်တော်ကိုယ်တိုင်လိုက်သွားပေးမှာပေါ့။ ဒီကြားထဲဆေးရုံမှာပဲနေပြီး သက်သာအောင်အရင်ကုထားရတော့မှာပေါ့ဗျာ"
"အင်း..ဒီလိုပဲလုပ်ရတော့မှာပေါ့သားရယ်"
"ခြေထောက်တွေနည်းနည်းယောင်နေတယ်နော်"
"ယောင်နေတာလေးငါးရက်ရှိနေပြီ။ ဒီရက်ထဲကုမ္ပဏီမှာနည်းနည်းပြဿနာလေးတွေရှိနေလို့ နေ့တိုင်းလိုလိုသွားနေရတယ်"
"ဘာဖြစ်လို့လဲ"
"ဟင်း...လူယုံသတ်တာပေါ့သားညီရယ်၊ ငွေအလွဲသုံးစားတာတွေရှိနေတယ်တဲ့။ မင်းဒယ်ဒီမြှောက်စားထားတဲ့ကောင်တွေပဲပေါ့၊ ခုတော့ကျွေးတဲ့လက်ကိုပြန်ကိုက်တာမျိုး။ ကုမ္ပဏီကိုကျဖိဖိစီးစီးမလုပ်ချင်ဘဲ ငွေတွေကိုလှည့်ယူပြီးတစ်စင်ထောင်နေတယ်လေ။ မိသားစုမျက်နှာကိုထောက်လို့မင်းဒယ်ဒီကတရားမစွဲရက်ဘူး၊ ဒီတိုင်းညှိနေကြတာကြာနေပါပြီ။ ဒါကိုတောင်..."
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤