Part 55 (Z)

2.4K 140 14
                                    

4.7.2008

"စစ်မင်း၊ နင်နေကောင်းရဲ့လား မျက်နှာကလည်းနွမ်းလိုက်တာဟာ၊ တစ်လမ်းလုံးလည်းဘာမှကောင်းကောင်းမစားဘူး"

"​ကောင်းပါတယ်...ငါခေါင်းသိပ်မကြည်လို့ပါဟာ"

"နင်ကလည်းပျော့လိုက်တာ"

"ရွာတွေမှာတုန်းကလည်းသူကြီးပဲဒိုင်ခံလုပ်နေခဲ့တာကိုး၊ ပင်ပန်းတော့မှာပေါ့"

"မင်းကိုကလောဘကြီးတာ၊ တော်ရုံလုပ်ပေါ့။ အခုတော့တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ဒီတိုင်းနည်းနည်းကလေးရွှီးပြီးတောင်စာရင်းလေးမှမလုပ်တာ ခံပေါ့ကွာ"

"အောင်မာ...စစ်မင်းကိုနင့်လိုသောက်ပျင်းမှတ်နေလား၊ မပြောချင်လို့နော် သိပ်အပါးခိုတဲ့ကောင်"

အတန်းဖော်သူငယ်ချင်းတွေရဲ့တစ်ယောက်တစ်ပေါက်အမေးကိုအဆင်ပြေသလိုသာပြောလိုက်ပြီး ကားအပြင်ဘက်ကိုလှည့်ငေးနေမိ၏။ ဆက်ပြီးပြောနေတဲ့စကားတွေကကြားတစ်ချက်မကြားတစ်ချက်နားထဲဝင်လာ၏။

June လလယ်ကတည်းကထွက်ခဲ့ရသည့်ခရီးစဉ်ဟာ July 4 ရက်မှသာပြီးဆုံးပါတော့သည်။ အယောက် ၃၀ ကျော်အဖွဲ့တွင် Trip ပြီးလို့ပြန်ချိန်ရောက်သော်လည်းကျောင်းသူကျောင်းသားတို့ထုံးစံအတိုင်းခြေတွေကထပ်ရှည်နေလို့ချောင်းသာကိုဆက်လိုက်ခဲ့ရပြန်၏။

အရင်ပြန်နှင့်တဲ့အဖွဲ့တွေနှင့်ပြန်လိုက်သွားမည်ဆိုသော်လည်းဆွဲထားသောမိုးကြောင့်ကျန်​နေခဲ့ရခြင်းပါ။ ချစ်စခင်ခအချိန်ဖြစ်နေသောရန်ပိုင်ကတော့ပြန်သွားတာ ၃ ရက်တောင်ရှိပါပြီ။

သူငယ်ချင်းနှစ်ယောက်လုံးချောင်းသာကိုမလိုက်​တော့ဘူးပြောမိတော့ငိုတော့မလိုဖြစ်သွားသည့်မိုးကြောင့် ရန်ပိုင့်ကိုအရင်ပြန်ခိုင်းပြီး ကျွန်တော်နေခဲ့လိုက်ရခြင်းပါ။ အမျိုးသား ၄ ယောက်အမျိုးသမီး ၆ ယောက်အုပ်စုနှင့်ချောင်းသာတွင် ၃ ရက်ကြာခဲ့၏။ အပြန်လမ်းတွင်ပုသိမ်တွင်လည်ပတ်နေပြန်တော့ ရန်ကုန်အဝင်နောက်ကျနေပါတော့သည်။

ကျုံကဒွန်းမြို့နယ်ဆေးရုံတွင်စတည်းချပြီးအနီးအနားကရွာတွေကိုအဖွဲ့တွေခွဲပြီးကွင်းဆင်းခဲ့ရသည့်ခရီးတွင်အစစအရာရာကတော့အဆင်ပြေချောမွေ့ခဲ့ပါ၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now