Part 77 (U)

17.2K 844 793
                                    

Nyi Minn Thwin

မျက်နှာထားကြီးတည်တင်းမာကျောနေပြီး မျက်ထောက်နီကြီးနှင့်ကြည့်နေသောအမိုးရှေ့တွင်အသက်တောင်ရဲရဲမရှူရဲ။

စစ်ဘေးနားတွင်ထိုင်ပြီးပြုစုယုယပေးချင်ပါသော်လည်း အခန်းထဲကိုရောက်လာကတည်းကကျွန်တော့်ကိုတွန်းလွှတ်ပြီး ကုတင်နားတောင်အကပ်မခံတော့သည့်အမိုးကြောင့် ခပ်လှမ်းလှမ်းတွင်ခုံလေးနှင့်ထိုင်နေရသည်။

စစ်အိပ်နေသောကုတင်ပေါ်တွင်တင်ပလွှဲထိုင်ရင်း မွှေးပွဝတ်လေးနှင့်သန့်ရှင်းရေးလုပ်ပေးနေသည့်အမိုးက နဖူးလေးကိုမကြာမကြာစမ်းကြည့်ပြီးနှုတ်ကလည်း တော်ပါသေးရဲ့ အဖျားကျသွားလို့ပြောလိုက်တဲ့အသံကြားလိုက်မှ မီးတောက်မတတ်ပူလောင်နေသောရင်ကမဆိုသလောက်လေးအေးငြိမ်းသွားသည်။

"အမိုး"

"ဘာလဲ ဘာလဲ၊ ပါးစပ်ကိုပိတ်ထားလို့ပြောထားတယ်နော်။ ဘာမှလာမပြောနဲ့"

"အမိုးကလည်းဗျာ...ဆေးကုန်တော့မယ်လေ အဲ့တာအပ်လာဖြုတ်ပေးမယ်လို့ပြောမလို့ပါ"

"ဒါဆိုလာဖြုတ်၊ ပြီးရင်ခပ်ဝေးဝေးသွားနေစမ်းပါ။ ငါ့မျက်စိအောက်မှာလာမနေစမ်းပါနဲ့၊ မင်းကို​မြင်နေရရင်ဒေါသဖြစ်လွန်းလို့ပါဖိုးခွားရဲ့"

အသံတွေတုန်မတတ်ဂရုဏာဒေါသောတွေဖြစ်နေတဲ့အမိုးက အခုအချိန်ထိစိတ်တွေကိုလျော့မချနိုင်သေး။ လက်ညှိုးကြီးတထိုးထိုးနှင့်အခန်းပြင်ကိုထွက်ခိုင်းနေပြန်တော့ မျက်နှာကိုအောက်ငုံ့ချလိုက်ရင်း...။

"အမိုးကလည်း..."

"ဘာအမိုးကလည်းလဲ မင်းနော်...မင်း၊ ငါပြောလိုက်ရမကောင်းရှိတော့မယ်"

ပြောလိုက်ရမကောင်းလို့ပေပဲ။ ရောက်လာထဲကစစ်ကိုပျာပျာသလဲဝင်ကြည့်ပြီး လူကိုဧည့်ခန်းထဲဆွဲခေါ်သွားပြီးသမထားတာများ အရှိုးရာအထပ်ထပ်နဲ့ပါဗျာ။

ကိုယ့်အ​ပြစ်နှင့်ကိုယ်ဆိုတော့လည်း အမိုးရိုက်သမျှကျိတ်ခံခဲ့ရတာပေါ့။ အသားနာတာရောအသည်းနာတာပါပေါင်းလို့ အော်အော်ပြီးငိုမိလိုက်ခြင်းမှာမျက်ရည်တွေကငုံးဥလောက်ကျဆင်းကုန်၏။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now