Part 54 (U)

7.5K 760 260
                                    

2.5.2008
ရန်ကုန်။

"စစ် မကြောက်နဲ့နော်၊ ကိုယ်ရှိတယ်"

"အင်း"

မျက်လုံးလေးအပြူးသားနှင့်ရင်ခွင်ထဲတိုးဝင်လာပြီး အပြင်ကိုနားစွင့်နေသောစစ်က နှုတ်ဖျားကလည်းမှော်ဘီကမိသားစုကိုစိတ်ပူနေကြောင်းတဖွဖွ။

လေရောမိုးပါရောပြီးတအုန်းအုန်းတဒိုင်းဒိုင်းဖြစ်နေသောအပြင်ဘက်ကအခြေအနေကကြောက်လန့်ဖွယ်။ အနီးပတ်ဝန်းကျင်ကသစ်ပင်​တွေလဲကျသံ၊ သစ်ကိုင်းတွေကျိုးကျသံများကလည်း လွင့်ပါမတတ်ကြမ်းတမ်းနေသောလေပြင်းသံတွေကြားမှာအတိုင်းသားကြားနေရသည်။

"ဒီမိုးကတစ်ညလုံးတိတ်ပါမလားဟင် ညီ"

"ဒီတိုင်းဆို တစ်ညလုံးမက​နောက်တစ်ရက်တောင်ကပါ့မလားစစ်ရယ်။ တစ်ခါမှတောင်မကြုံဖူးဘူး၊ စစ်မပြောနဲ့ကိုယ်တောင်လန့်လာပြီ"

"တိုက်..တိုက်တော့မပြို​လောက်ပါဘူးနော်"

'အဟား...တိုက်ခန်းကတော့မပြိုပါဘူးအချစ်ကလေးရယ်။ ဆောက်ထားတာမှ ၂ နှစ်တောင်မပြည့်သေးတာကိုဗျာ။ တအားကြောက်နေရင်သီချင်းနားထောင်နေမလား၊ MP4 လေးနဲ့နားထောင်နေလေ..နော်"

"ဟင့်အင်း...စိတ်ပူနေပါတယ်ဆိုမှညီရာ၊ ဖုန်းကဆက်လို့မရဘူးလားဟင်"

"မှော်ဘီရောအမိုးတို့ရွာရောဆက်လို့မရတာညနေထဲက"

"ဟင်...မီး မီးပျက်သွားပြန်ပြီ"

မီးကပျက်သွားတာကြာပါပြီ။ အိမ်ယာဝန်းထဲကမီးစက်ကြောင့်သာမီးရနေခြင်းမျိုး။ ခုတော့မီးစက်မီးလည်းပျက်သွားပြီထင့်။

"မကြောက်ပါနဲ့ ကိုယ်ရှိပါတယ်စစ်ရယ်။ ဘာလို့ဒီလောက်ကြောက်နေတာလဲ"

"ငါ...ငါကမိုးကြိုးတွေပစ်နေတာကိုကြောက်တာ၊ ခုလိုလေတွေမိုးတွေအော်ပြီးရွာနေတာကိုလည်း တအားကြောက်တာပဲ။ ဟော့...မိုးချိန်းတော့မယ်"

လျှပ်စီးလက်ခနဲအမြင် နားနှစ်ဖက်ကိုအုပ်ပေးထားလိုက်မိတာတောင်တုန်တက်သွားတဲ့ခန္ဓာကိုယ်လေး။ ခေါင်းလေးပုဝင်သွားပြီး ခါးကိုတိုးဖက်လာသောစစ်ကတကယ်ကြောက်လန့်နေရှာတာ။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now