"စစ်မင်း"
ခေါ်သံကြောင့်လှည့်ကြည့်လိုက်မိတော့ ခပ်လှမ်းလှမ်းတွင်လက်ကလေးပိုက်ကာစူးစမ်းနေသောမိုး။
ဒီနေ့မနက်မှော်ဘီပြန်လာစဉ် မိုးတို့မိသားစုကပါလိုက်လည်မည်ဆိုလာခြင်းကြောင့် မိုးတို့ကားနှင့်အတူတူပြန်လာခဲ့သည်။ တစ်လကိုတစ်ကြိမ်လောက်လာလည်တတ်သောမိုးတို့မိသားစုက ခြံလေးထဲတွင်နားနားနေနေအပန်းဖြေပြီး ညနေစောင်းမှပြန်တတ်၏။
မိုးတို့မိသားစုနှင့်အတူနေ့လယ်စာစားသောက်ပြီးနောက် မိုးမိဘများနှင့်ဖေဖေတို့ကဧည့်ခန်းတွင်ထိုင်ကာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်းလက်ဖက်ပွဲနှင့်အေးချမ်းနေကြစဉ် မိုးနဲ့ညီမလေးကအဝတ်ပုံကြားအလုပ်များနေကြ၏။ တစ်ယောက်ထဲငေါင်စင်းစင်းနှင့် ဘူးစင်အောက်တွင်ဂစ်တာတီးနေမိသည်။
သာလိကာလေးပြောပြဖူးသောပထမဆုံးတွေ့ဆုံခဲ့သော ဇော်ပိုင်ရဲ့မင်းနဲ့မှချစ်တတ်ပြီသီချင်းလေးကိုအလွမ်းပြေဆိုတီးနေရင်း တမ်းတလွမ်းဆွတ်ခြင်းတို့ကရင့်သန်လာရပြန်၏။ အကြိမ်ကြိမ်မေးခဲ့ပေမဲ့မဖြေခဲ့သောမေးခွန်းက ကိုယ်လည်းသိပ်လွမ်းတာပေါ့ Dental ကောင်လေးရယ်။ ဘယ်အချိန်ကစလို့ချစ်မိသွားတယ်ဆိုတာရေရေရာရာမခွဲခြားနိုင်ခဲ့ပေမဲ့ သေချာတာကသိပ်ချစ်ပါတယ်။
ချစ်နေတာသိရင်ချက်ချင်းအဖြေပေးပါပြောခဲ့တဲ့ကောင်လေးအတွက် အဖြေကစဉ်းစားကြည့်ဖို့တောင်မလိုအပ်ခဲ့ပါလေ။ လိုအပ်နေတာကအချိန်ပါပဲ။ သူ့ဆီကချစ်တယ်ဆိုတဲ့စကားကို မျှော်လင့်မထားမိတာအမှန်။ အချိန်တိုတိုအတွင်းရင်းနှီးခဲ့တာတွေ၊ လက်ပွန်းတတီးနေထိုင်ခဲ့ခြင်းတွေဟာ ညီအစ်ကိုလိုချစ်ခဲ့ခြင်းလို့ပဲထင်ခဲ့မိတာ။
ရင်းနှီးမလွယ်တဲ့ဂျစ်ကန်ကန်ကောင်လေးရဲ့မိသားစုပြဿနာတွေ၊ ခံစားချက်တွေကိုဖြေရှင်းပေးရခြင်းကြောင့်လည်းရင်းနှီးမှုကပိုလာခဲ့သလို အဖြူရောင်သံယောဇဉ်ကြိုးလို့ပဲထင်ခဲ့မိတာပေါ့။ ကျွန်တော်တို့မိသားစုလေးကိုအားကျပြီး တွယ်တာနေခဲ့တဲ့ကောင်လေးရဲ့အတွေးတွေက ကိုယ့်လိုပဲမရိုးရှင်းဘူးလို့နည်းနည်းလေးမှတောင်သံသယမဝင်မိခဲ့မိချေ။
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤