Chapter 22: The Affairs of the Qiu Family

6.6K 1K 13
                                    

Unicode

ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့ ရှောင်အိမ်သို့ပြန်ရောက်လာသည့် အချိန်တွင် စပျစ်သီးအစည်းများစွာ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့သည်။ သားနှစ်ယောက် စားသည်ဟု ရွှီမုရန်တွေးကာ ချက်ချင်းဒေါသ​တွေနဲ့ ပြည့်သွားခဲ့သည်။

" ညီ​လေးနဲ့ကျွန်တော် အစားအသောက်တွေခိုးတာ မဟုတ်ဘူး။ စပျစ်သီးကို တစ်ခြားသူကဖောက်ပြီးခူးတာ။ ညီ​လေးနဲ့ ကျွန်တော် တားလိုက်ပေမယ့် ညီ​လေးကသူ့ကိုကိုက်ပြီးရိုက်လိုက်တယ်။ " လို့ ရှောင်​ရှောင်တုန်က ပြော၏။

" ဘယ်သူလဲ? " ရှောင်ကျင့်ထျင်ကမေးသည်။

" ပန်းနုရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး အရိုင်းဆန်တဲ့လူတစ်ယောက်ပဲ။ " ရှောင်​ရှောင်ဖန်က နာကျည်းမှုတွေအပြည့်နဲ့ ပြောလိုက်၏။

ရှောင်ကျင့်ထျင် ကြားလိုက်သည်နှင့် ချိုးပိုင်မှန်း ချက်ချင်းသိသည်။ " ဒီလူက အရှက်မဲ့တာပဲ! "

ဒါပေမယ့် ဒါကမူလပိုင်ရှင်ကို အပြစ်တင်သင့်တယ်၊ မီးမရှိရင် မီးခိုးမရှိဘူး။ မူလပိုင်ရှင်သည် ထိုသို့သောလူနှင့် မပေါင်းသင့်ပေ။

ရွှီမုရန် အသက်ပြင်းပြင်းရှူလိုက်သည်။ ၎င်းတို့သည် အပြင်လူများဖြစ်၍ ရွာထဲတွင် ဖယ်ထုတ်ခံထားရပြီးဖြစ်သည်။ စပျစ်သီးတစ်စည်းအတွက် တရားမျှတရန် တစ်စုံတစ်ဦးကို ရှာဖွေလိုသော်လည်း ရွာထဲရှိလူတွေက သူတို့ကိုအကူအညီမ​ပေးနိုင်ကြ​ပေ။ အခုတော့ သူတို့စိတ်အေးအေးထားမှရမယ်။

ရှောင်ကျင့်ထျင်က သူ့မျက်လုံးတွေကိုမှိတ်ထားပြီး ကူကယ်ရာမဲ့ စွာ အသက်ရှူထုတ်ရင်း
" စိတ်ဝိညာဉ်ခွေးနှစ်ကောင်ကို ပြုစုပျိုးထောင်ဖို့ အချိန်တန်ပြီထင်တယ် " ဟုဆိုသည်။

ရွှီမုရန်က သက်ပြင်းချပြီး " ဝိညာဉ်ခွေးတွေက ဈေးမ​ပေါဘူး! " ယခုတွင် ငွေပိုလိုအပ်နေပြီး ဝိညာဥ်ခွေးကိုဝယ်ယူခြင်းသည် သူတို့ကို နှောင့်နှေးစေမည်ဖြစ်သည်။

ရှောင်ကျင့်ထျင်က ခဏလောက်စဉ်းစားပြီး
" ဒါကို အားလုံးသိအောင် မပြောနိုင်ပေမယ့် ငါတို့ကိုယ်တိုင်လည်း မသိမ်းထားသင့်ဘူး။ လူတွေက ငါတို့ရဲ့ စပျစ်သီးကိုလာကောက်ဖို့ သူတို့ကို အကျင့်လုပ်ထားရင် ငါတို့ဘယ်လောက်တောင် ဆုံးရှုံးသွားမလဲဆိုတာ မသိနိုင်ဘူး။ မင်းက ရွာလူကြီးအိမ်ကိုသွားပြီး သူခိုးက ငါတို့အိမ်ထဲဝင်သွားတယ်ဆိုတာ သွားပြောပါ၊ ဒါပေမယ့် အဖိုးတန်ပစ္စည်း များများစားစား ပျောက်နေတာတော့ မရှိပါဘူး။ ဒါပေမယ့် သူခိုးတွေကိုသတိထားဖို့ ရွာသူရွာသားတွေကို သတိထားကြဖို့လာသတိပေးတာပါ " လို့​ပြောလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now