Unicode
ရှောင်ရှောင်တုန်သည် မြင်းရထားပေါ်တွင်ထိုင်ပြီး ရှောင်ရှောင်ဖန်ကိုကြည့်ကာ " မင်းစားတာရပ်လိုက်တော့၊ မင်းတစ်ကိုယ်လုံး နံနေတာပဲ! " လို့ပြောလိုက်သည်။
ရှောင်ရှောင်တုန်က သူ့နှာခေါင်းကိုအုပ်ပြီး သူ့ကိုယ်သူ တွေးလိုက်သည်: ငါ့ညီက ဘယ်လိုထူးဆန်းတဲ့ ဝါသနာရှိနေတာလဲ။ ကြက်သွန်ဖြူတွေကိုစားနေတယ်!
ရှောင်ရှောင်ဖန်က မျက်တောင်ခတ်လိုက်ပြီး ရှောင်ရှောင်တုန်ကို လေးလေးနက်နက် ပြုံးပြကာ " ကျွန်တော် စားချင်တယ်၊ အများကြီးစားမယ်။ ရှောင်ယွဲ့ရုန်နဲ့တွေ့ရင် ကျွန်တော်..... " ရှောင်ရှောင်ဖန်သည် ရှောင်ရှောင်တုန်၏နံဘေးသို့ ပြေးသွားပြီး အသက်ရှူသွင်းလိုက်သည်။ ရှောင်ရှောင်တုန်က သူ့နှာခေါင်းကို အလျင်အမြန်ဖုံးလိုက်သောအခါ ရှောင်ရှောင်ဖန်က " သူ့ကို အနံ့ရပြီးသေအောင်လို့! " ဟု ဂုဏ်ယူစွာနဲ့ ထပ်ပြောလိုက်သည်။
ရှောင်ရှောင်တုန်၏ မျက်နှာသည် မည်းမှောင်သွားပြီး ပြောလိုက်၏။ " မင်း သူ့ကို မသတ်ခင် မင်းက ငါ့ကို အဲ့ဒီအနံ့ကြောင့် သတ်ပစ်မိလိမ့်မယ်။ "
ရှောင်ရှောင်ဖန်က ရှောင်ရှောင်တုန်ကိုကြည့်ရင်း ခေါင်းကိုစောင်းကာ " အစ်ကို၊ မင်း အနံ့ထွက်မှာ ကြောက်လို့လား! " လို့ ပြောလိုက်သည်။
ရှောင်ရှောင်တုန်က သူ့ကိုယ်သူတွေးနေရင်းနဲ့ မျက်နှာမှာပိုလို့တောင် မည်းမှောင်သွား၏။ အရူး! သူက သာမန်လူတစ်ယောက်ဖြစ်သည်။ ဟုတ်ပါတယ်! အနံ့အသက်ကို ကြောက်တယ်.....
ရှောင်ရှောင်ဖန်သည် သူ၏သိုလှောင်အိတ်ထဲမှ အနံ့ဆိုးထွက်နေသော တိုဟူးတစ်ဗူးကို ထုတ်လိုက်သောအခါ ရှောင်ရှောင်တုန်သည် သည်းမခံနိုင်တော့ဘဲ ရထားပေါ်မှခုန်ဆင်းကာ ရထားပြောင်းချင်သည်ဟု ဆိုလေသည်။
........
ရှောင်ကျင့်ထျင်သည် ပြတင်းပေါက်မှ အပြင်သို့ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။
" မင်း စိတ်လှုပ်ရှားနေတာလား! " ရွှီမုရန်က မေး၏။
ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ငါ့ရဲ့မိဘတွေကို သွားတွေ့ရမယ်။ သေချာတာပေါ့! ငါ နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်... "
![](https://img.wattpad.com/cover/274172995-288-k397097.jpg)
YOU ARE READING
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...