Unicode
ရွှီမုရန် နိုးလာသောအခါ ရှောင်ရှောင်တုန် နှင့် ရှောင်ရှောင်ဖန် တို့လည်း နိုးလာသည်။ မနေ့က ဝက်သားစားပြီး ညီအကိုနှစ်ယောက်လုံး ခွန်အားတွေရခဲ့၏။
ညီအကိုနှစ်ယောက်က ပြတင်းပေါက်နားမှာ လှဲနေပြီး ရွှီမုရန် ထွက်သွားသည်နှင့် ရှောင်ကျင့်ထျင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။
" အစ်ကို၊ သူ ဘာလုပ်နေတာလဲ! " ရှောင်ရှောင်ဖန်က စိတ်ဝင်တစား မေးသည်။
ရှောင်ရှောင်တုန်က သူ့ခေါင်းလေးကို စောင်းလိုက်ပြီး
" ဒါက စပျစ်သီးတွေ စိုက်နေပုံရတယ် " လို့ ပြောလိုက်တယ်။" စပျစ်သီးစိုက်တာလား? " ရှောင်ရှောင်ဖန်၏ မျက်လုံးနှင့် နှာခေါင်းတို့မှာ တွန့်သွား၏။
" စပျစ်သီး? စပျစ်သီးက ချဉ်တယ်၊ ငါမစားချင်ဘူး။ "
ရှောင်ရှောင်ဖန်က ပါးလေးဖောင်းကာ ပြောလိုက်သည်။ရှောင်ရှောင်တုန်က တခစ်ခစ်ရယ်ပြီး " သူများက စိုက်ပျိုးထားတာ၊ အဲဒါ မင်းအတွက်မဟုတ်ဘူး၊ မင်းစားချင်ရင်တောင် မင်းမစားနိုင်ဘူး " လို့ပြောလိုက်တယ်။
ရှောင်ရှောင်ဖန်က သူ့ပါးပြင်ကို ပွတ်လိုက်ပြီး ရှောင်ရှောင်တုန်ကိုဒေါသတကြီး ကြည့်လိုက်၏။
ရှောင်ကျင့်ထျင်က ရှောင်ရှောင်တုန်နှင့် ရှောင်ရှောင်ဖန် ဘက်ကို လှမ်းကြည့်လိုက်၏။ ရှောင်ရှောင်တုန်က ရှောင်ကျင့်ထျင်၏ အကြည့်ကိုသတိထားမိလိုက်ကာ ပြတင်းပေါက်ကိုပိတ်ပြီး ရှောင်ရှောင်ဖန်ကို ပြန်ခေါ်သွားသည်။
ရှောင်ကျင့်ထျင်က တိုးတိတ်စွာပြောလိုက်သည်- နောင်တော်ထားခဲ့တဲ့ အရိပ်က ဖျောက်ဖျက်ဖို့ရန် ခက်ခဲနေသေးသည်။ ဖြေးဖြေးချင်းလုပ်မှဖြစ်မယ်။
ရွာကလူတွေက မြို့ကိုသွားချင်ကြပြီး အများစုကတော့ လီမိသားစုရဲ့ နွားလှည်းကို စီးသွားကြရသည်။ ရွှီမုရန်သည်လည်း ချွင်းချက်မဟုတ်ပေ။ ရွှီမုရန် သားကောင်များကို မရှာဖွေမီကတည်းက ၎င်းတို့အားလုံး လီရှန်၏ နွားလှည်းဖြင့် သွားလာခဲ့ကြသည်။
![](https://img.wattpad.com/cover/274172995-288-k397097.jpg)
YOU ARE READING
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...