Unicode
ဝိညာဥ်အပင်များကို စုဆောင်းပြီးနောက် ရွှီမုရန်က မြို့သို့ပို့ဆောင်ခဲ့သည်။ ရွှီမုရန်က ဈေးအလျှော့အတင်းလုပ်တတ်သောကြောင့် ရှောင်ကျင့်ထျင်သည် ရွှီမုရန်ကို စပါးရောင်းသည့်ကိစ္စကိုကိုင်တွယ်ဖြေရှင်းရန် အခွင့်အာဏာအပြည့်ပေးလိုက်သည်။
" ဦးလေးလီ၊ ကျွန်တော်... ဦးလေးကို ထပ်ပြီးဒုက္ခပေးမိပြီ။ " ရောင်းဖို့စပါးတွေက အရမ်းများနေသည့်အတွက် ရွှီမုရန်က လီရှန်၏နွားလှည်းကို တိုက်ရိုက်ငှားလိုက်သည်။
လီရှန်က ရယ်ပြီးပြောလိုက်တယ် " ပြောမနေပါနဲ့ မုရန်၊ မင်း ဒီအချိန်မှာစပါးတွေ တော်တော်ရောင်းနေရတာပဲ! "
ရွှီမုရန်က ခေါင်းညိမ့်လိုက်ကာ " ဟုတ်ပါတယ် " ဟုပြောသည်။
" စိတ်ဝိညာဉ်အပင်တွေလည်း အများကြီးပဲ၊ အဲဒါက ငွေအများကြီးရနိုင်တယ် " ဟု လီရှန်က ပြောသည်။
" ဟုတ်ကဲ့။ " ရွှီမုရန်က ပြန်ဖြေလိုက်သည်။ ရှောင်ကျင့်ထျင်သည် စွန့်ပစ်ထားသော ဝိညာဉ်ရေးလယ်ကွင်းနှင့် ဒဏ်ကြေးအကြောင်း ရွှီမုရန်ကို ပြောပြပြီးဖြစ်သည်။ ရွှီမုရန်သည် ထိုသတင်းကိုကြားသောအခါ သူ့နှလုံးသားသည်အလွန်လေးလံလာပြီး "သူတို့၌ ငွေအလုံအလောက်မရှိပေ" ထို့ကြောင့် ငွေထောင်ပေါင်းများစွာကို ချက်ချင်းရရန် မစောင့်နိုင်တော့ပေ။ ရွှီမုရန်က သက်ပြင်းချလိုက်သည်။
လီရှန်က ရွှီမုရန်ကို ကြည့်ပြီး " မုရန်! မင်းမှာ ပိုက်ဆံရှိနေရင်တောင် ရူးရူးမိုက်မိုက်သုံးလို့မရဘူး! "
ရွှီမုရန်က ခေါင်းညိတ်ပြီးပြောတယ် " ကျွန်တော် သိတယ်။ "
" မင်းတစ်ယောက်တည်းသွားမှာလား? " လီရှန်ကမေး၏။
" အစ်ကိုရှူးယွီက ကျွန်တော်နဲ့အတူသွားမှာ " လို့ ရွှီမုရန်က ပြောသည်။
" ကောင်းပြီ၊ လူနှစ်ယောက်အတူတူသွားရတာ ပိုလုံခြုံတယ် " ဟု လီရှန်ကပြောသည်။
ရွှီမုရန်က ခေါင်းညိတ်ပြီး " ကျွန်တော်လည်း ဒီလိုပဲထင်တယ် "
မုရှူးယွီက ရွှီမုရန်ကို စပါးတွေအားလုံးကို လှည်းပေါ်တင်ဖို့ ကူညီပေးခဲ့သည်။ ချိုးပိုင်သည် ဤမြင်ကွင်းကိုအဝေးမှကြည့်နေခဲ့ပြီး သူ့နှလုံးသားထဲတွင် မနာလိုစိတ်များပြည့်နှက်နေသည်။
![](https://img.wattpad.com/cover/274172995-288-k397097.jpg)
YOU ARE READING
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...