Chapter 117: Go out to do tasks

1.2K 186 2
                                    

Unicode

ရှောင်ကျင့်ထျင်၏ စိုက်ခင်းသည် အလွန်အဆင်ပြေချောမွေ့နေသည်။ စိုက်ပျိုးပြီးနောက်၊ မက်မွန်ပင်များစွာရှိ ပိယွိမက်မွန်သီးများသည် ရင့်မှည့်လာခဲ့သည်။

သို့သော် ရှောင်ကျင့်ထျင်က ပိယွိမက်မွန်သီး၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများသည် စိုက်ပျိုးပြီးနောက်တွင် ပြောင်းလဲသွားခြင်း ရှိမရှိကို ပိုမိုစိုးရိမ်ခဲ့သည်။

ချိုးယွင်သည် စိုက်ပျိုးခြင်းနည်းပညာကို အလွန်စိတ်ဝင်စားပုံရပြီး ကြည့်ရှုရန် မကြာခဏရောက်လာတတ်သည်။

ရှောင်ကျင့်ထျင်သည် ချိုးယွင်တွင် ဆက်ဆံရန် မလွယ်ကူသော ကိုယ်ရည်ကိုယ်သွေးရှိသည်ဟု မူလက ခံစားခဲ့ရသော်လည်း သူနှင့်စကားပြောပြီးနောက်တွင် သူနှင့် ပေါင်းသင်းဆက်ဆံရန် အလွန်လွယ်ကူကြောင်း တွေ့ရှိခဲ့သည်။ စေတနာလည်း အလွန်ကောင်းပြီး အလုပ်ကောင်းကောင်းလုပ်နေသမျှ ဆုလာဘ်မှာလည်း ကြီးလှသည်။

ရှောင်ကျင့်ထျင်သည် ရှောင်ရှောင်တုန်နှင့် ရှောင်ရှောင်ဖန် 'ဆုံပြီးပြီ'ဆိုတာကို သိလိုက်ရပြီးနောက် ရှောင်ရှောင်ဖန်က ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပျော်နေပြီး အရမ်းပိန်မနေကြောင်းကို ရှောင်ရှောင်တုန်ထံမှ အတည်ပြုနိုင်ခဲ့သည်။

"အဲဒီအပင်ပေါ်က အသီးကမှည့်ခါနီးနေပြီ!" ချိုးယွင်က ပြောသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး "ဟုတ်တယ်!"

"ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေက ပြောင်းလဲသွားမှာလား?" ချိုးယွင်က မေးသည်။

ရှောင်ကျင့်ထျင်က သူ့ခေါင်းကိုခါယမ်းပြီး "ကျုပ်လည်း တကယ်မသေချာသေးဘူး။ ဒါပထမဆုံးအကြိမ်လုပ်ဖူးတာပဲ"

"ဒါဆို ဒီလိုပေါ့" ချိုးယွင်သည် ရှောင်ကျင့်ထျင်မှ အစားထိုးစိုက်ပျိုးထားပြီး ထူထပ်သော ရောင်ဝါကို ထုတ်လွှတ်နေသော ဝိညာဉ်သစ်ပင်များပေါ်တွင် ဝိညာဉ်စွမ်းအင်အနည်းငယ်ကို အသုံးပြုခဲ့သည်။ သူ့ဘေး၌ရပ်နေသော ရှောင်ကျင့်ထျင်ဟာ ပူပြင်းတဲ့နွေရာသီမှာ လတ်ဆတ်တဲ့လေညင်းတွေ တိုက်ခတ်သွားသလို ခံစားလိုက်ရပြီး မက်မွန်ပင်များစွာဟာ ရုတ်တရက် ကြီးထွားလာခဲ့သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းحيث تعيش القصص. اكتشف الآن