Chapter 152 : TianXia Secret Realm

731 123 2
                                    


Unicode

ရှောင်ကျင့်ထျင်သည် လယ်ကွင်းများတွင် အလုပ်များနေ‌စဉ် ရောင်စုံအလင်းတန်းများ ကောင်းကင်ပေါ်၌ တောက်ပလာသည်။

ရှောင်ကျင့်ထျင်သည် ကောင်းကင်ယံ၌ ထူးဆန်းသော ဖြစ်စဉ်ကို ကြည့်ပြီး အံ့ဩသွားသည်။

"ကောင်းကင်ဆည်းဆာလျှို့ဝှက်နယ်မြေက စောစောပွင့်လာတာပဲ" ချိုးယွင်က ကောင်းကင်ပေါ်မှ ထူးဆန်းတဲ့ ဖြစ်စဉ်ကို ကြည့်ရင်း မျက်လုံးတွေ ကျဉ်းမြောင်းပြီး ပြောလိုက်လေသည်။

ရှောင်ကျင့်ထျင်က ချိုးယွင်ကိုကြည့်ပြီး "ကောင်းကင်ဆည်းဆာ လျှို့ဝှက်နယ်မြေက ဘယ်လိုလျှို့ဝှက်နယ်မြေလဲ?"

"ကောင်းကင်ဆည်းဆာလျှို့ဝှက်နယ်မြေမှာ၊ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေနဲ့ အကျပ်အတည်းတွေရှိတယ်။ အဲဒီအထဲမှာ အဖိုးတန်ဆုံးကတော့ ဝိညာဉ်သန့်စင်ပင်ဖြစ်နိုင်တယ်" ချိုးယွင်က ဆို၏။

"ဝိညာဉ်သန့်စင်ပင်?"

ချိုးယွင်က ခေါင်းညိတ်ပြီး ပြောသည်။ "ဟုတ်တယ်။ ဝိညာဉ်သန့်စင်ပင်က ဝိညာဉ်အမြစ်တွေကို သန့်စင်နိုင်ပြီး ဝိညာဉ်အမြစ် အများကြီးရှိတဲ့သူကို တစ်ခုတည်းဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်"

ရှောင်ကျင့်ထျင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူက "တကယ်လား? အဲ့လိုအပင်မျိုး တကယ်ရှိတယ်လား?"

ချိုးယွင်က ခေါင်းညိတ်ပြီး "ဟုတ်တယ်!"

"အဲဒီဝိညာဥ်သန့်စင်ပင်က ဒီလောက်ထူးခြားတာကို ကျုပ်ဘာလို့ ဒီအကြောင်းကို မကြားခဲ့ရတာလဲ?" ရှောင်ကျင့်ထျင်က စပ်စုစွာ မေးသည်။

"ဝိညာဉ်သန့်စင်ပင်က ပြင်ပကမ္ဘာမှာ မပေါက်တော့ဘူး။ လျှို့ဝှက်နယ်မြေအချို့မှာပဲ ကျန်ရှိတော့တယ်။ နောက်ပြီး အဲဒီဝိညာဉ်သန့်စင်ပင်ကို ထုတ်ယူလို့မရဘူး" ဟု ချိုးယွင်က ပြောသည်။

ရှောင်ကျင့်ထျင်က ရှုပ်ယှက်ခတ်နေပြီး "ထုတ်ယူလို့မရဘူး ဟုတ်လား?"

ချိုးယွင်က ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ ဝိညာဉ်သန့်စင်ပင်ကို နှုတ်ယူပြီးရင် တတ်နိုင်သမျှ အမြန်ဆုံးသုံးရမယ်၊ မဟုတ်ရင် အဲဒါက အကျိုးသက်ရောက်မှု မရှိတော့ဘဲ နေလိမ့်မယ်"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora