Unicode
ချိုးယွင်က ရှောင်ကျင့်ထျင်ကို လှည့်ကြည့်လိုက်ပြီး "ဒီလို ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်က မင်းနဲ့ စကားပြောဖို့ လာရှာတာကို မင်းအရမ်းပျော်နေပုံပဲ" လို့ ထေ့ငေါ့ပြောခဲ့သည်။
ရှောင်ကျင့်ထျင်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ကျုပ်က အိမ်ထောင်ကျပြီး မိသားစုလည်း ရှိတယ်"
"ဒါဆို မင်းမှာ မိသားစုရှိမှန်း မင်းသိနေသေးတာပဲ။ မင်းက သူမ ခိုင်းသမျှ လုပ်ပေးမယ့်အထိ အရမ်း ရူးသွပ်နေပြီထင်တာ" ချိုးယွင်က ရယ်မောလိုက်သည်။
ရှောင်ကျင့်ထျင်က သူ့ခေါင်းကို ခါလိုက်ပြီး "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုပ်က မိန်းမတွေအတွက် ဘာခံစားချက်မှမရှိပါဘူး"
ချိုးယွင်သည် ရှောင်ကျင့်ထျင်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ "ဒီလိုလား? မင်းက သာမာန်ပုံပေါက်ပြီး အစွဲအလမ်းရှိတဲ့ဝက်နဲ့မတူတာ အံ့သြစရာတော့မရှိပါဘူး။ ရှဲ့ဝမ်ရန်က ဒီကို ဘာလာလုပ်တာလဲ?"
ရှောင်ကျင့်ထျင်က ပြုံးပြီး "သူမက ကျုပ်ကို ဆေးဝိညာဉ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးစေချင်တာ"
"ဘယ်လောက် မာနကြီးလိုက်လဲ! သူမက ငါ့နယ်မြေကို လာပြီး မင်းကို ပွင့်ပွင့်လင်းလင်း လာခေါ်ရဲတဲ့အထိ သတ္တိရှိနေတယ်ပေါ့။ မင်းသွားမှာလား?" ချိုးယွင်က စူးစူးဝါးဝါး မေးသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ? ကျုပ်ရဲ့သားက တိမ်တိုက်စိမ်းအမတဂိုဏ်းထဲမှာ ရှိနေတုန်းပဲ။ သူမက ကျုပ်ကို ကြီးကြီးမားမားဆုတွေပေးမယ်လို့ ကတိပေးခဲ့ရင်တောင် ကျုပ်လိုက်မသွားနိုင်ဘူး!!" ရှောင်ကျင့်ထျင်က ပြောသည်။
ချိုးယွင်က ခေါင်းညိတ်ပြီး "မှန်တယ်! မင်းရဲ့သားက ဒီမှာရှိသေးတယ်။ ကျင့်ကြံသူတွေက အခြားကျင့်ကြံသူတွေဆီက ထွက်ပြေးနိုင်ပေမယ့် ဂိုဏ်းကနေတော့ ထွက်မပြေးနိုင်ဘူး"
"ဘဏ္ဍာစိုးချိုး ခင်ဗျား မနေ့က မုယွင်နဲ့ ဘာတွေဆက်ပြောခဲ့ကြတာလဲ?" ရှောင်ကျင့်ထျင်က စိတ်ဝင်တစား မေးသည်။
CZYTASZ
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
DuchoweBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...
