Unicode
ရှောင်ကျင့်ထျင်သည် ဘေးခန်းက သားအဖနှစ်ယောက်၏ တိုးတိုးပြောသံကို နားစွင့်ရင်း တဖြည်းဖြည်းချဉ်လာသည်။
ရှောင်ကျင့်ထျင်၏ ရင်ဘတ်တွင် ပူလောင်သော ခံစားမှုတစ်ခု ဖြစ်လာသည်။ ရှောင်ကျင့်ထျင် တစ်ခုခုကို တွေးပြီး သူ့ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းအဆောင်ကို အမြန်ထုတ်လိုက်သည်။
အပြာနုရောင် ကျောက်စိမ်းဆွဲသီးကို သူ့မျက်လုံးများနှင့် မြင်လိုက်ရချိန်တွင် ရှောင်ကျင့်ထျင်၏ နှလုံးသားသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ရှောင်ကျင့်ထျင်မှာ သူ့အရင်ဘဝက ဘိုးဘွားစဉ်ဆက် ကျောက်စိမ်းတုံးတစ်တုံးရှိခဲ့ပြီး ယခုသူ့လက်ထဲမှာရှိတဲ့ ကျောက်စိမ်းတုံးနဲ့ အားလုံးနီးပါးတူညီ၏။
အတိတ်ဘဝတွင် တာအို အကြောင်းအရာများကို တွင်ကျယ်စွာအသုံးပြုခဲ့ပြီး နေရာလွတ် ဟူသောအသုံးအနှုန်းသည် အလွန်ရေပန်းစားခဲ့၏။
ရှောင်ကျင့်ထျင်သည် ဘိုးဘွားပိုင် ကျောက်စိမ်းဆွဲသီးကို သွေးများရွှဲစေပြီး အသိအမှတ်ပြုရန် ကြိုးစားခဲ့သည်။ သွေးတွေ ရွှဲပြီးနောက် တကယ့်ကို နေရာလွတ်တစ်ခု ပွင့်သွားခဲ့၏။ အရင်ဘဝက ကျောက်စိမ်းဆွဲသီးရှိ နေရာသည် တစ်ကုဗမီတာခန့်သာ ရှိသေးသည်။ အသုံးပြုမှုလည်း သိပ်မရှိခဲ့ပေ။ ဒီဘဝမှာ နေရာပိုကျယ်လာခဲ့သည်။ လယ်တစ်ဧကပေါ်တွင် နွေဦးစမ်းချောင်းတစ်ခုလည်း ရှိပြီး ထောင့်တစ်နေရာ၌ပင် သူ၏ယခင်ဘဝက နေရာလွတ်ထဲတွင် သိမ်းဆည်းထားသော အပင်မျိုးစေ့ မျိုးစုံရှိသည်။
ရှောင်ကျင့်ထျင်က သူ့မှတ်ဥာဏ်တွေကို ပြန်စဥ်းစားလိုက်ရာ သူ့(မူလရှောင်ကျင့်ထျင်)အရင်က ဒီကျောက်စိမ်းမရှိတာကို တွေ့လိုက်ရတယ်။ သူဖြတ်သန်းလာခဲ့ရတဲ့ အခွင့်အရေးက ဒီကျောက်စိမ်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ရှောင်ကျင့်ထျင်ရဲ့ ခေါင်းက မူးဝေလာပြီး သူ့ရင်ထဲမှာ ပျို့အန်ချင်သလို ခံစားနေရတယ်။ ရှောင်ကျင့်ထျင်သည် ချွေးစေးတွေထွက်လာပြီး အရင်က Xiaoyao San ဆေးစွဲခြင်းရဲ့ အကျိုးသက်ရောက်မှုကြောင့် သွေးအန်ချင်စိတ် ပေါ်လာသည်။
တကယ့်ကို မူးယစ်ဆေးဝါးပဲ...
YOU ARE READING
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
SpiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...