Chapter 81: Advancing by Medicine

5.5K 740 15
                                    

Unicode

နေဝင်ချိန်တွင် ရှောင်ကျင်းဖုန်းသည် ဆိုင်ကိုပိတ်ပြီး ကလေးနှစ်ယောက်ကို ရှောင်ကျင့်ထျင်၏အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။

" တတိယညီလေး... မင်းဘာလုပ်နေတာလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။

" ကျွန်တော် ဖက်ထုပ်လုပ်နေတာ။ " ရှောင်ကျင့်ထျင်မျက်လုံးတွေက တောက်ပနေပြီး မုန့်စိမ်းကိုလှိမ့်ဖို့ ကြိုးစားနေ၏။

ရှောင်ကျင်းဖုန်းက စိတ်ဝင်တစားဖြင့် " ဖက်ထုပ်? "

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး " ဟုတ်တယ်! "

" အဲ့ဒါကဘာလဲ? " ရှောင်ကျင်းဖုန်းက မေးသည်။

" ဒါက အစားအသောက်တစ်မျိုးပါ၊ ရှေးစာအုပ်တစ်ချို့မှာ ဖတ်ဖူးတယ်။ " ရှောင်ကျင့်ထျင်က ရိုးရိုးရှင်းရှင်းပြန်ဖြေလိုက်သည်။

ရှောင်​ရှောင်ဖန်သည် ရှောင်ကျင့်ထျင်၏ နံဘေးသို့ပြေးသွားပြီး ခြေဖျား​ထောက်လျက် မီးဖိုနားမတ်တပ်ရပ်ကာ တောင့်တနေသော အကြည့်များအပြည့်ဖြင့် ကြည့်​နေသည်။

ရှောင်ကျင့်ထျင်သည် ဤကမ္ဘာပေါ်ရှိလူများသည် ချီစိုက်ပျိုးခြင်းအပေါ်  ပိုမိုအလေးထားကြောင်းတွေ့ရှိခဲ့ပြီး စားသောက်ဆိုင်များရှိ အစားအစာများသည် ချီသိုလှောင်မှုကို ပိုမိုအာရုံစိုက်ခဲ့သော်လည်း အရသာအပေါ် အာရုံစူးစိုက်မှုနည်းပါးခဲ့သည်။ သူ့အရင်ဘဝတုန်းက ရှောင်ကျင့်ထျင်ဟာ ​​အစားအသောက်နှစ်သက်သူမို့ ဒါကိုသည်းမခံနိုင်ပေ။

" မုရန်က အစာစားချင်စိတ်သိပ်မရှိလို့၊ သူ့အတွက် အရသာရှိအောင် လုပ်ပေး​နေတာပါ။ " ရှောင်ကျင့်ထျင်က မုန့်စိမ်းကို လှိမ့်နေချိန်တွင်ပြောလိုက်သည်။

ရှောင်ကျင့်ထျင်က သူ့နှုတ်ခမ်းတွေကိုသပ်လိုက်ပြီး တွေးလိုက်တယ်- ဒီကမ္ဘာမှာ ဖက်ထုပ်တွေတောင်မရှိဘူး။ ဒီမှာ အသုံးအများဆုံး အစားအစာက အသားကင်မျှသာ...။ ဒီနေရာမှာ အသားကင်ရာတွင် ပြီးပြည့်စုံသော ကျွမ်းကျင်မှုအချို့ရှိသော်လည်း တူညီသောအစားအစာကို တစ်ချိန်လုံးစားရသည်ကို ငြီးငွေ့သွားနိုင်တယ်။ သူ ဒီကမ္ဘာမှာနေတာကြာပြီ၊ ဒါပေမယ့် ခုထိ ဖက်ထုပ်ကို တကယ်မမြည်းစမ်းဖူးသေးဘူး။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now