Chapter 106: Xiaofan left

5.5K 484 22
                                        

Unicode

ရှောင်ရှောင်တုန်သည် ကျန်းယိ၏ စမ်းသပ်ကျောက်ကိုကြည့်ပြီး ခဏလောက်တွန့်ဆုတ်နေကာ “စီနီယာ၊ ကျွန်တော်စမ်းကြည့်လို့ရမလား?”

ကျန်းယိက ခေါင်းညိတ်ပြပြီး “ရပါတယ်”

ရှောင်ရှောင်တုန်သည် သူ၏လက်ကို ကျောက်ပေါ်သို့ တင်လိုက်သောအခါ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ကျန်းယိက ရှောင်ရှောင်တုန်ကို မျက်မှောင်ကြုတ်ကြည့်ရင်း “မင်းရဲ့ အရည်အချင်းတွေက ကောင်းပေမယ့် တိမ်တိုက်စိမ်းအမတဂိုဏ်းထဲကိုဝင်ဖို့ အရည်အချင်း မပြည့်မီသေးဘူး”

ရှောင်ရှောင်တုန်က ထုံးစံအတိုင်းမျက်နှာသေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ကျန်းယိသည် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ တကယ်တော့ ရှောင်ရှောင်တုန်ရဲ့ အရည်အချင်းတွေက မဆိုးသော်လည်း အမတဂိုဏ်း၏ ဝင်ခွင့်စံနှုန်းနှင့် မကိုက်ညီပေ။

အမတဂိုဏ်းမှာ ခွဲတမ်းနေရာဆယ်ခုကို ပေးထားပြီးသားဖြစ်သည်။ သူသည် လူတစ်ဦးကိုထပ်ခေါ်သွားနိုင်သော်လည်း လူနှစ်ဦးကို ခေါ်ခဲ့မည်ဆိုပါက ရွေးချယ်မှုတွင်တာဝန်ရှိသော တခြားတပည့်များက စိတ်ဆိုးသွားနိုင်ပါသည်။ ကျန်းယိက ဘယ်သူနဲ့မှပြဿနာမဖြစ်ချင်ပေ။

ကျန်းယိက သူ့အား တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကိုမြင်သောအခါ ရှောင်ရှောင်ဖန်က ရှောင်ကျင့်ထျင်ရဲ့ နောက်ကွယ်မှာ ပုန်းလိုက်ပြီး “ဖေဖေ၊ သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ?”

ရှောင်ကျင့်ထျင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး “မင်းကို တိမ်တိုက်စိမ်းအမတဂိုဏ်းကို ခေါ်သွားပေးမယ်လို့ စီနီယာကပြောတယ်၊ ဒါကြောင့် မင်းက အရမ်းအစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လာတော့မှာ”

ရှောင်ရှောင်ဖန်က ခေါင်းကိုအလျင်စလိုခါလိုက်ပြီး “တိမ်တိုက်စိမ်းအမတဂိုဏ်းကို မသွားချင်ဘူး။ သား အစာမရှောင်ချင်ဘူး”

ရှောင်ကျင့်ထျင်သည် ရှောင်ရှောင်ဖန်ကိုကြည့်ကာ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ အိုးယန်မိသားစုသည် သူတို့မိသားစု၏ ကလေးများကို တိမ်တိုက်စိမ်းအမတဂိုဏ်းသို့ပို့ရန် အစွမ်းကုန်ကြိုးစားခဲ့ရသည်။ သို့သော် သူ့သားဖြစ်သူက မျက်စိရှေ့တွင် အခွင့်ကောင်းတစ်ခုရှိနေသော်လည်း ၎င်းကို မလိုလားပါချေ။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora