Chapter 158: Transaction with Lingbao Pavilion

513 95 2
                                    

Unicode

"ရွှေရောင်မြီးနီ ကင်းမြီးကောက်က ကောင်းတဲ့ အရာဖြစ်ပုံပဲ" ဟု ရှောင်ကျင့်ထျင်က ပြောသည်။

ချန်ရွှိက ခေါင်းညိတ်ပြီး "ဟုတ်တယ်! ရွှေရောင်မြီးနီ ကင်းမြီးကောက်က ဝိညာဉ်ပိုးကောင်စာရင်းမှာ အဆင့်ရှစ်ရှိတယ်။ ဝိညာဥ်ပိုးကောင်စာရင်းက ပိုးကောင်တွေက မျိုးသုဉ်းလုနီးပါးဖြစ်နေပြီး အဆင့်ရှစ်ရဖို့တောင် မလွယ်ကူဘူး။ ရွှေရောင်မြီးနီ ကင်းမြီးကောက်က ကြမ်းတမ်းပြီး အဆိပ်ပြင်းတာကြောင့် သူ့ကိုဖမ်းပြီးမွေးမြူဖို့ မလွယ်ဘူး"

"ရွှေရောင်မြီးနီ ကင်းမြီးကောက်ရဲ့အဆိပ်ကို ဘယ်လို သုတ်သင်နိုင်မလဲ?" ရှောင်ကျင့်ထျင်က မေးသည်။

ချန်ရွှိက ခေါင်းယမ်းပြီး "ကျွန်တော်သိတဲ့နည်းကတော့ အဆိပ်ကို တွန်းထုတ်ဖို့ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ရှာတာပဲ။ ဒါပေမယ့် ဒီနေရာမှာ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူမပြောနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတောင်မရှိဘူး"

ရှောင်ကျင့်ထျင် "......"

"အခြားနည်းလမ်းမရှိတော့ဘူးလား?" ရှောင်ကျင့်ထျင်က မေးသည်။

ချန်ရွှိက စဉ်းစားလိုက်ပြီး "အဆိပ်ထုတ်နိုင်တဲ့ ဆေးလုံးတွေ ရှိသင့်တယ်။ ဒါပေမယ့် ကျွန်တော် တစ်လုံးမှမသိထားဘူး။ ကျင့်ကြံရေးလောက ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဝိညာဉ်ဆေးပင်များစွာဟာ မျိုးသုဉ်းသွားခဲ့ကြတယ်။ ဆေးသန့်စင်နည်းရှိရင်တောင် အလုပ်ဖြစ်နိုင်မှာမဟုတ်ဘူး"

"ရွှေရောင်မြီးနီ ကင်းမြီးကောက်ကို အရင်သွားကြည့်ရအောင်" ရှောင်ကျင့်ထျင်က ပြောလိုက်သည်။

"ဖေဖေ၊ ဖေဖေက ရွှေရောင်မြီးနီ ကင်းမြီးကောက်ကို စိတ်ဝင်စားလို့လား?" ရှောင်ရှောင်တုန်က မေးသည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး "ဟုတ်တယ်! မင်းက ကြက်ကိုမွေးပြီး မင်းရဲ့ညီလေးက ပိုးကောင်တစ်သိုက်ကို မွေးမြူထားတော့ မင်းရဲ့ဖေဖေလည်း တစ်ခုခုတော့ မွေးမြူချင်တာပေါ့"

ရှောင်ရှောင်တုန် "....."

ချန်ရွှိက ရှောင်ကျင့်ထျင်ကိုကြည့်ပြီး "ဦးလေးရှောင်.. အဲဒီဝိညာဉ်ပိုးကောင်က ယဉ်ပါးဖို့မလွယ်ဘူး။ ဒါ့ပြင် အကိုက်ခံလိုက်ရတာနဲ့ သေမှာပဲ"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now