Chapter 151 : Hunt Together

1.1K 156 2
                                    

Unicode

ရှောင်ရှောင်တုန်နှင့် အခြားသူများသည် တောတွင်းတစ်လျှောက် လမ်းလျှောက်လာရာ လမ်းတစ်လျှောက်တွင် သားရဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း လူများစွာ၏ ပူးပေါင်းအားထုတ်မှုအောက်တွင် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

ချန်ရွှိသည် ပါဝင်ကူညီရန် အခွင့်အရေးများစွာကို ရယူခဲ့ပြီး ထူးထူးခြားခြား စိတ်လှုပ်ရှားနေပုံရသည်။

ညနေစောင်းတော့ အားလုံးက အနားယူဖို့ နေရာရှာခဲ့ကြသည်။

ရှောင်ရှောင်ဖန်သည် ချန်ရွှိက ဝံပုလွေအရေခွံကို ယူလိုက်သည်ကို မြင်လိုက်ရပြီး အနည်းငယ် ပဟေဋ္ဌိဖြစ်သွားသည်။

"ချန်သခင်လေး မင်းက ဝံပုလွေအရေကို အရမ်းကြိုက်တာပဲလား?" ရှောင်ရှောင်ဖန်က မေးသည်။

ချန်ရွှိက သူ့ခေါင်းကို ခါလိုက်ပြီး "ဒီလို အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ခဲ့တာ ငါ့အတွက် ပထမဆုံး အကြိမ်ပဲ။ ဒီဝံပုလွေအရေခွံကို ငါ့အဘိုးကို ပြချင်တယ်"

ရှောင်ရှောင်ဖန် "....." ဒါက အုတ်မြစ်ချအဆင့် မီးဝံပုလွေလေးတစ်ကောင်ပဲ မဟုတ်လား? ချန်ရွှိသည် သူအသုံးပြုခဲ့သော အဆောင်စာရွက်မည်မျှရှိခဲ့သည်ကိုပင် မသိချေ။ မီးဝံပုလွေ၏အရေပြားမှာ ပြန်လည်ပြုပြင်၍မရတော့သည်အထိ စုတ်ပြတ်သွားခဲ့သည်။ သို့သော် ချန်ရွှိသည် ဤရုပ်ဆိုးသောအရာများကို အခြေတည်ဝိညာဉ်အဆင့် အဘိုးထံပင် ယူဆောင်သွားချင်ခဲ့သည်။

ရှောင်ရှောင်ဖန်တွေးမိ၏- 'ချန်ရွှိရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ဆိုးရွားလွန်းတယ်။ ဒါပေမယ့် ငါ့ဖေဖေကလည်း သူ့လိုပဲ'

ရှောင်ရှောင်တုန်သည် ဝံပုလွေအသားကို ကင်နေပြီး ချန်ရွှိက ရှောင်ရှောင်တုန်ထံရောက်လာကာ "ဘယ်အချိန်စားလို့ရမလဲ?" ဟုမေးသည်။

"အခုပဲ" ရှောင်ရှောင်တုန်ကပြောသည်။

ချန်ရွှိက စိတ်လှုပ်ရှားစွာဖြင့် "ကောင်းလိုက်တာ"

ချောင်ရှန်သည် ချန်ရွှိ၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး သူ့စိတ်ထဲတွင် အနည်းငယ် ကျဉ်းကျပ်သွားသည်။ ချန်ရွှိ၏မျက်နှာသာရရှိရန် ၎င်းတို့နောက်သို့ လိုက်ခဲ့သော်ငြား ချန်ရွှိ၏တုံ့ပြန်မှုသည် အလယ်အလတ်သာဖြစ်သည်။ သူ ချန်ရွှိကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သော်လည်း သူက လုံးဝမနှစ်သက်ခဲ့ပေ။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now