Chapter 144 : Eating Together

801 127 1
                                    

Unicode

ချိုးယွင်သည် မက်မွန်သီးသစ်တောအပြင်ဘက်တွင် ရပ်ကာ ပျက်စီးသွားသော မက်မွန်သီးပင်များကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။

"ဘဏ္ဍာစိုးချိုး" မုယွင် လှမ်းအော်လိုက်သည်။

ချိုးယွင်လှည့်ပြီး မုယွင်ကိုကြည့်ကာ "ကျင့်ကြံသူမု မင်းရောက်လာပြီလား! မင်းရောက်လာတာ ငါ့ကို ကယ်တင်လိုက်တာပဲ။ ငါမင်းဆီ တကူးတကကြီး လာစရာမလိုတော့ဘူး။ ဒီမှာမင်းရဲ့ငွေစာရင်း! ပျက်စီးသွားတဲ့ ဝိညာဉ်သစ်ပင်တွေနဲ့ ဆုံးရှုံးမှုတွေကို အမြန်ဆုံး ပြန်လျော်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

မုယွင်က ငွေစာရင်းစာရွက်ကို လက်ခံပြီး "တောင်းပန်ပါတယ်"

"ငါ ဆေးဥယျာဉ်ကို ထိန်းသိမ်းခဲ့တာ ကြာပြီ။ မင်းနေမကောင်းဖြစ်တာနဲ့ အများစုက ပျက်စီးသွားခဲ့တယ်။ မင်းကတကယ် လမ်းလျှောက်တာနဲ့ အဆိပ်ဖြစ်စေတဲ့လူပဲ။ ဒါကို မင်း ရှင်းရှင်းလင်းလင်း သိသင့်တယ်လို့ ငါထင်တယ်။ ဒါကြောင့် မင်းတစ်သက်လုံး ရေခဲဂူထဲမှာပဲ ပုန်းအောင်းနေလိုက်တာ ပိုမကောင်းဘူးလား?" ချိုးယွင်က ပြောသည်။

မုယွင်က ခေါင်းညိတ်ပြီး ခါးသက်စွာ ပြုံးကာ

"မင်းပြောတာမှန်နိုင်ပါတယ်၊ ဒီနှစ်တွေမှာ မင်းဘယ်လိုနေခဲ့လဲ ယိရှူး?"

ချိုးယွင်က သူ့လက်သီးတွေကို ဆုပ်ထားပြီး မျက်နှာထား တင်းတင်းဖြင့် အေးစက်စွာပြောသည်။

"မင်းပြောတာကို ငါ နားမလည်ဘူး။ မင်းတတ်နိုင်သမျှ အမြန်ဆုံး ပြန်သွားသင့်တယ်။ နောက်တစ်ခါ နေမကောင်းဖြစ်ရင် ငါသည်းခံမှာမဟုတ်ဘူးနော်။ မြောက်ပိုင်းဆေးဝိညာဉ်ဥယျာဉ်ကနေ မင်းကို ကန်ထုတ်ပစ်မိလိမ့်မယ်"

ချိုးယွင် လှည့်ထွက်သွားသောအခါ မုယွင်က ချိုးယွင် ၏လက်ကို လှမ်းဆွဲလိုက်ပြီး "တောင်းပန်ပါတယ်"

ချိုးယွင်က သူ့လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး အေးစက်စက် ဆိုသည်။ "လွှတ်ပါ"

မုယွင်သည် ချိုးယွင်၏ တင်းမာသော မျက်နှာကို ကြည့်ပြီး လွှတ်လိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOpowieści tętniące życiem. Odkryj je teraz