Chapter 155: Time Training Room

639 118 2
                                    

Unicode

"အဲဒီလူက ငါတို့လူတွေကို ထောင်ချောက်ဆင်ပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့တာလား?" ဆံပင်နီ အမျိုးသား၏ အမူအရာမှာ ဒေါသ အပြည့်ဖြစ်နေသည်။

ကျင့်ကျွယ်က ဒေါသတကြီး မျက်မှောင်ကြုတ်ပြီး "အဲဒီကောင်က ငါတို့ တစ္ဆေရိပ်ဂိုဏ်းရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ရဲတဲ့အထိ တကယ် သတ္တိရှိတာပဲ"

"ငါတို့ အဲဒီကောင်ကို ရှာရမယ် မဟုတ်ရင် ငါတို့ အရှက်ရလိမ့်မယ်" ဆံပင်နီအမျိုးသားကျင့်ကြံသူက ပြောသည်။

ချုံခိုတိုက်ခိုက်မှုကို ဖော်ထုတ်ပြီးနောက် ရှောင်ကျင့်ထျင်၏ ခြုံခိုနည်းလမ်းများသည် ထိရောက်မှုမရှိတော့ပေ။ တစ်ကြိမ်တွင် ရှောင်ကျင့်ထျင်သည် တစ္ဆေရိပ်ဂိုဏ်း၏ သတ်ဖြတ်မှုကိုခံရလုနီးနီးဖြစ်ခဲ့ပြီး သူသည် အဆောင်စာရွက်များကိုသုံးကာ ဒဏ်ရာအနည်းငယ်ဖြင့် လွတ်မြောက်ခဲ့သည်။

"ဒီကောင်က ဘာလုပ်ချင်တာလဲ?" တစ္ဆေရိပ်ဂိုဏ်းသည် ကျင့်ကြံသူ ခုနစ်ဦး တယောက်ပြီးတယောက် ဆုံးရှုံးခဲ့ရသောကြောင့် ၎င်းတို့၏ ခွန်အားများ အလွန်လျော့ကျသွားသည်။

တစ္ဆေရိပ်ဂိုဏ်း၏ ကျင့်ကြံသူများ သေဆုံးပြီးနောက်၊ ဖမ်းဆီးခံ အကျဉ်းသားများသည်လည်း လှုပ်ရှားရန် အသင့်ဖြစ်နေပြီဖြစ်သည်။

"ဒီမအေဘေး!" ဆံပင်နီကျင့်ကြံသူသည် ဒေါသအပြည့်ဖြင့် ကျိန်ဆဲလိုက်သည်။

ကျင့်ကျွယ်က မျက်မှောင်ကြုတ်ပြီး သူ့နှလုံးသားထဲမှာ အတက်အကျတစ်ချို့ကို ခံစားလိုက်ရသည်။ ရှောင်ကျင့်ထျင်သည် မရိုးရှင်းကြောင်း သူအစောကတည်းကသိခဲ့သော်လည်း ရှောင်ကျင့်ထျင်သည် ဤမျှ ရူးသွပ်စွာ ပြုမူလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူတို့အပေါ် အပြစ်ပြုသည်အထိ အတင့်ရဲလှသည်။

"ဒီအတိုင်းဆက်သွားလို့မရတော့ဘူး!" အမျိုးသမီးကျင့်ကြံသူတစ်ဦးက ပြောသည်။ သူတို့မှာ လူများများစားစားမရှိသလို နောက်ထပ်အကျဉ်းသားတွေကို ဖမ်းဖို့ထွက်သွားရင်လည်း တိုက်ခိုက်ခံရလိမ့်မည်ဖြစ်သည်။ ဆေးဥယျာဉ်ကိုစောင့်ထိန်းရန် ဤနေရာ၌ နေခဲ့ကြသော်လည်း တိုးတက်မှုမှာ နှေးကွေးသွားခဲ့သည်။ တားမြစ်ချက်အောက်၌ အကျဉ်းသားများ သေဆုံးမှုမှာ ပိုများလာပြီး တချို့မှာ စွန့်စားရခြင်းထက် သေဆုံးခြင်းကို ပိုလိုချင်ကြသည်။ သည့်အပြင် အပျက်သဘောဆောင်သော ပျင်းရိသူများလည်း ရှိကြပေ၏။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now