Unicode
" မုရန်! အဆင်ပြေရဲ့လား? " အဒေါ်လီက မေးသည်။
ရွှီမုရန်က ပြုံးကာပြန်ဖြေလိုက်သည်။ " ဘာမှမဖြစ်ပါဘူး " ရှောင်ကျင်းဖုန်းရဲ့မင်္ဂလာဆောင်မှာ ဆိုးရွားတဲ့အရာတစ်ခုဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပြီးသွားခဲ့ပါပြီ။
" မနေ့က လူတွေက အရမ်းလွန်သွားပြီ။ တစ်ခြားနေ့တွေ အများကြီးရှိတာကို အဲဒီနေ့ကို လာယူရတယ်လို့... " ဟု အဒေါ်လီက မကျေမနပ်ဖြစ်ကာ ပြောသည်။
ရွှီမုရန်သည် မနေ့ကကိစ္စများကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့သော်လည်း၊ ဤလူအုပ်စုရောက်လာပြီးနောက်တွင် ရွှီမုရန်သည် ရောက်လာတော့မည့် ၎င်းတို့၏ကြွေးရှင်များအတွက် ငွေပေးဆောင်ရမည့် စိုးရိမ်သောကကို စွန့်လွှတ်လိုက်တော့သည်။ ပျော်ရွှင်စရာကိစ္စမဟုတ်ပေမယ့် အဲဒီလူတွေက မာနကြီးလွန်း၏။
" မနေ့က ချိုးပိုင် လက်ထပ်တယ်။ ချိုးအဖေက သူ့သားကို တစ်နေ့လုံးပြသနေခဲ့ပြီး မိသားစုကြီးတစ်ခုနဲ့ လက်ထပ်ပေးချင်တယ်ဆိုတာ ထင်ရှားလွန်းတယ်။ ဒါပေမယ့် တကယ်တော့ ချိုးပိုင်က ကိုယ်လုပ်တော်ဖြစ်လာခဲ့တာ... " အဒေါ်လီသည် အထင်အမြင်သေးမှု အပြည့်ဖြင့်ပြောလိုက်သည်။
ရွှီမုရန်က အနည်းငယ် အံ့သြသွားပြီး " ကိုယ်လုပ်တော် ဖြစ်သွားတာလား? "
ဤလောက၌ ကိုယ်လုပ်တော်၏ အဆင့်အတန်းသည် အလွန်နိမ့်ပါး၏။ ကိုယ်လုပ်တော်ဖြစ်လာပါက၊ သင်သည် သင့်ခင်ပွန်း၏မိသားစုဝင်ဖြစ်လာမည်ဖြစ်ပြီး သင့်မိသားစုနှင့် ဘာမှမဆိုင်ပေ။ ခင်ပွန်းဖြစ်သူ၏ မိသားစုသည် ကိုယ်လုပ်တော်ကိုပင် ရောင်းစားနိုင်သည်။
တကယ်တော့ ရွှီမုရန်သည် ရှောင်ကျင့်ထျင်နှင့် ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခဲ့ပြီး ရှောင်ကျင့်ထျင်သည် ရွှီမုရန်ကို မလိုချင်ပါက ရောင်းနိုင်သည်။ ဒါကလည်း ရွှီမုရန်ရဲ့ မူလရှောင်ကျင့်ထျင် လုပ်ခဲ့တဲ့ အရာတော်တော်များများကို ခံနိုင်ရည်ရှိစေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
အဒေါ်လီက ခေါင်းညိတ်ပြီး " ဟုတ်တယ်! ချိုးအဖေက သားဖြစ်သူ အိမ်ထောင်ကျတဲ့မိသားစုက ဘယ်လောက်ချမ်းသာပြီး သူ့အနာဂတ် နေ့ရက်တွေ ဘယ်လောက် ချမ်းသာလာမယ်ဆိုတာ အမြဲပြောနေခဲ့တာ။ ဒါပေမယ့် အဲ့ဒီမိသားစုက ချိုးပိုင်ကို အလေးအနက်ထားပုံမပေါ်ဘဲ ထိုင်ခုံသေးသေးလေးတစ်ခုနဲ့ပဲ သူ့ကိုလာခေါ်သွားခဲ့တယ် "
![](https://img.wattpad.com/cover/274172995-288-k397097.jpg)
ВЫ ЧИТАЕТЕ
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
ДуховныеBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...