Chapter 39: Difficult Time for Xiao Jingting

6.1K 916 15
                                    

Unicode

ရှောင်မိသားစု

" အမေ၊ ကျွန်တော် ရှောင်ကျင်းဖုန်း အကြောင်းသတင်းရခဲ့တယ်! " ရှောင်မုဟုန်သည် အခန်းထဲသို့ဝင်လာပြီး ပြောလိုက်သည်။

" အိုး..သူဘယ်သွားတာလဲ? " လျှိုရှို့က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

" သူက တုချိုးရွာကို ဦးတည်သွားတယ်။ ရှောင်ကျင့်ထျင်နဲ့ တွေ့ဖို့သွားတာဖြစ်နိုင်တယ် " လို့ ရှောင်မုဟုန်က ပြောသည်။

လျှိုရှို့က ခပ်​ငေါ့​ငေါ့ရယ်လိုက်ပြီး " ရှောင်ကျင်းဖုန်းက အလွန်ဖျားနာနေပြီး စိတ်ပျက်အားငယ်နေလို့ အမှန်တကယ် အကူအညီတောင်းဖို့ ရှောင်ကျင့်ထျင်ဆီ သွားခဲ့တယ်။ "

ရှောင်မုဟုန်က ခေါင်းညိတ်ပြီးပြောတယ် " မှန်တယ်၊ ရှောင်ကျင့်ထျင်က ဘယ်လိုလူလဲ? ရှောင်ကျင်းဖုန်းက ပိုသိသင့်တယ်။ သူက တကယ်ကို စိတ်ပျက်အားငယ်နေတာပဲ။ "

" သူဒီလိုဖြစ်နေလို့ ရှောင်ကျင်းဖုန်းကို အခုသတ်ပစ်ဖို့ မလိုပါဘူး၊ သူတို့ကို လွှတ်လိုက်ပါ " လျှိုရှို့က ပြောလိုက်သည်။

ရှောင်မုဟုန်က မျက်မှောင်ကြုတ်ပြီးပြောတယ် " အမေ၊ ရှောင်ကျင်းဖုန်းက တကယ်ပဲလက်စား​ချေမယ်ဆိုရင်... "

" သူဘာပဲလုပ်လုပ်၊ သူက အဆင့် ၄ချီလေ့ကျင့်သူပဲလေ။ သူ့မိသားစုရဲ့ အကာအကွယ်မရှိရင် သူ့အတွက် ရှေ့တိုးဖို့ တော်တော်ခက်လိမ့်မယ်။ ဒီတစ်ကြိမ် အဆိပ်သင့်ခဲ့ပြီး အချိန်မီ ကုသမှုမခံယူနိုင်ခဲ့ဘူး၊ အကယ်၍ ပြန်လည်သက်သာလာရင်​တောင် နောက်ဆက်တွဲဝေဒနာကို ခံစားနေရလိမ့်မယ်။ သူ့ဘဝမှာ အဆင့် ၅ချီလေ့ကျင့်သူ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ မင်းရဲ့ ဒုတိယဦးလေး နဲ့ ဒုတိယအဒေါ် လည်း ဆုံးသွားပြီ။ အခုချိန်မှာ ရှောင်ကျင်းဖုန်းလည်းသေဆုံးသွားရင်၊ မလွဲမသွေသံသယဝင်စရာ​တွေ ဖြစ်လာလိမ့်မယ်။ "

ရှောင်မုဟုန်က ခေါင်းညိတ်ပြီး " အမေ ပြောတာမှန်တယ်။ "

" မင်းအဖေက အခုချိန်မှာ အိမ်တော်​ရဲ့ခေါင်း​ဆောင်​နေရာအတွက် ပြိုင်ဆိုင်ရမယ့် အရေးကြီးတဲ့အချိန်ပဲ။ မင်းရဲ့ဒုတိယဦးလေးရဲ့သားတွေကို ကောင်းကောင်းမကိုင်တွယ်ခင် တခြားအိမ်တွေမှာ တစ်ခုခုရှိနေရင် ငါတို့အကုန်ဒုက္ခရောက်လိမ့်မယ်။ " လျှိုရှို့က ထောက်ပြသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now