Chapter 147 : Watching people fall in love

1K 159 6
                                    

Unicode

ရှောင်ကျင့်ထျင်သည် တံခါးအပြင်ဘက်တွင်ရပ်နေပြီးမှုန်ကုပ်ကုပ်မျက်နှာဖြင့် မုယွင် ထွက်လာသည်ကို မြင်သောအခါ အေးခဲသွားသည်။

မုယွင်က ရှောင်ကျင့်ထျင်ကိုတွေ့တော့

"မင်းဘာလို့ဒီကိုရောက်နေတာလဲ?"

"ဘဏ္ဍာစိုးချိုး.. ကျုပ်ကိုလာခိုင်းတာ"

မုယွင်က ခေါင်းညိတ်ပြီး "ဒီလိုလား?"

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး "ဟုတ်တယ်! အခုပဲ၊ ဘဏ္ဍာစိုးချိုးက ဧည့်သည်ရှိနေတယ်လို့ ပြောပြီး ကျုပ်ကိုနောက်မှ လာဖို့ တောင်းဆိုခဲ့တယ်။ ဧည့်သည်က ခင်ဗျားထင်တယ်"

မုယွင်က ခေါင်းညိတ်ပြီး "ဟုတ်လိမ့်မယ်"

"ဘဏ္ဍာစိုးချိုးနဲ့ စကားပြောရတာ ဘယ်လိုလဲ?" ရှောင်ကျင့်ထျင်က စိတ်ဝင်တစား မေးသည်။

မုယွင်က ခါးသက်စွာ ရယ်မောပြီး "မကောင်းပါဘူး" ဟုဆိုသည်။

ရှောင်ကျင့်ထျင်က သူ့ကို နှစ်သိမ့်ပေးရင်း ရိုးသားမှုအပြည့်ဖြင့် "စီနီယာမု ခင်ဗျားအချိန်ယူပါ၊ အရာအားလုံးကို အမြဲတမ်းဖြေရှင်းနိုင်လိမ့်မယ်"

မုယွင်က ရှောင်ကျင့်ထျင်ကို ပြုံးပြီးပြောသည်။

"ဂျူနီယာတူလေးရှောင် မင်းက ရွှီမုရန်နဲ့ ဆက်ဆံရေးကောင်းတယ်။ မင်းမှာ လှည့်ကွက်တွေ ရှိလား?"

"လှည့်ကွက်တွေလား? မရှိဘူး! ကျုပ်တို့ လင်မယား နှစ်ယောက် ပေါင်းလာတာ နှစ်အတော်ကြာပြီး သားသုံးယောက်လည်း ရှိနေပြီဆိုတော့ ဘယ်တော့မှ ရန်မဖြစ်ဖူးဘူး" စုံတွဲတွေဟာ အိပ်ယာပေါ်မှာ ရန်ဖြစ်သင့်ပြီး အဆုံးမှာ ပြင်တည့်သင့်သည်ဟု ဆိုရိုးရှိပါသည်။ ကုတင်ခေါင်းရင်းကနေ အဆုံးအထိ အတူတူ လူးလှိမ့်ပြီးနောက်မှာ ပြဿနာအားလုံး ငြိမ်သက်သွားလိမ့်မည်ဖြစ်၏။ သို့သော် မုယွင်သည် အတွေ့အကြုံမရှိသောသူဖြစ်ပြီး လူတစ်ယောက်ကို အိပ်ရာပေါ် မည်သို့တင်ရမည်ကို မသိသောကြောင့် အရာများကို ကောင်းစွာ မကိုင်တွယ်နိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora