Unicodeသွေးနတ်ဆိုးဂိုဏ်း၏ စုံစမ်းစစ်ဆေးမှုကို စိုးရိမ်သဖြင့် ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့သည် ကျောက်စိမ်းဆွဲသီးနေရာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရှောင်ရှောင်တုန်သည် လျှို့ဝှက်နေရာကို ရှာဖွေကာ ကျောက်စိမ်းဆွဲသီးကို မြေမြုပ်ကာဖွက်ထားပေးခဲ့သည်။
ရှောင်ကျင့်ထျင်၏သတိထားမှုသည်မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ အခင်းဖြစ်ပွားပြီးပြီးချင်း များမကြာမီတွင် သွေးနတ်ဆိုးဂိုဏ်းမှ ရွှေအမြူတေအဆင့်ကျင့်ကြံသူ အများအပြားသည် သတ္တုတွင်းဧရိယာရှိ သတ္တုတွင်းလုပ်သားအားလုံးကို စစ်ဆေးခဲ့သည်။ ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့သည် စောစောစီးစီး ပုန်းအောင်းခဲ့ကြသောကြောင့် စစ်ဆေးခြင်းမှ လွတ်မြောက်ခဲ့ပြီး မဟုတ်ပါက လူနှစ်ဦး၏ ပုံစံပြောင်းလဲခြင်းနည်းပညာဖြင့် ရွှေအမြူတေအဆင့်ကျင့်ကြံသူကို လုံးဝဖုံးကွယ်၍မရနိုင်ပေ။
ရှောင်ရှောင်တုန်သည် သတ္တုတွင်းဧရိယာတွင် ရက်အတော်ကြာ ဆက်တိုက်ဆိုသလို ခမ်းနားထည်ဝါသော ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည်။
စုံစမ်းစစ်ဆေးမှုပြီးနောက် ရှောင်ရှောင်တုန်နှင့်အခြားသူများကိုပြန်လွှတ်ခဲ့သည်။
"အစ်ကိုလီ?" ရှောင်ရှောင်တုန်က လီလျန်ကို အပြုံးလေးနဲ့ ကြည့်ပြီး "မကြာသေးမီက ကျွန်းပေါ်က ရွှေအမြူတေအဆင့်ကျင့်ကြံသူတစ်ချို့ ရူးသွပ်သွားပုံရတယ်!"
လီလျန်က ခေါင်းညိတ်ကာ "သွေးနတ်ဆိုးဂိုဏ်းက ရွှေအမြူတေအဆင့်ကျင့်ကြံသူတွေက ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားခဲ့ရတာကြောင့် နည်းနည်း ရူးသွပ်သွားကြတာ"
လီလျန်၏သတင်းသည် အလွန်ကောင်းမွန်သည်။ ရှောင်ရှောင်တုန်က ထိုစကားကိုကြားတော့ "အကြီးအကျယ်ဆုံးရှုံးမှုဆိုတာ ဘယ်လိုဆုံးရှုံးမှုကြီးလဲ?!"
"ကျွန်းပေါ်မှာ ရွှေအမြူတေအဆင့်ကျင့်ကြံသူ သူလျှိုတွေအများအပြားရှိတယ်ဆိုတာ ငါကြားခဲ့ရတယ်။ သွေးနတ်ဆိုးဂိုဏ်းက လူတွေက ဝိညာဉ်ကျောက်ဂိုဒေါင်ကိုနဲ့ ဖြားယောင်းပြီး ပုန်းအောင်းနေတဲ့သူလျှိုတွေကို ဆွဲထုတ်ဖို့ကြိုးစားခဲ့တယ်။ ရလဒ်ကတော့ လျစ်လျူရှုခံခဲ့ရတဲ့အတွက် အဆင့်မြင့်ဝိညာဉ်ကျောက်ဆိုပြီး ထပ်သွေးဆောင်ပြန်တယ်။ အဲဒီအခါမှ ပုန်းနေတဲ့ သူလျှိုတွေ တော်တော်များများ ထွက်လာခဲ့တယ်လေ"

ESTÁS LEYENDO
ဝိညာဥ်ရေးရာအပင် ဆရာသခင်အဖြစ် ကူးပြောင်းလာခြင်း
EspiritualBoth Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Original publisher - LC Read Genre - Action, Adventure, Mature, Romance, Shounen Ai, Xianxia I do not own a...